ဖရန့်ခ်လမ်းပတ်ဟာဆိုရင်နည်းပြသစ်အဖြစ်စတင်တာဝန်ထမ်းဆောင်တော့မှာလည်းဖြစ်ပါတယ်။ကိုယ့်စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ်လို့ ဒါဘီကောင်တီအသင်းရဲ့ နည်းပြသစ် ဖရန့်ခ်လမ်းပတ်က ပြောကြားလိုက်ပါတယ်။ အခုရာထူးဟာ လမ်းပတ်အတွက် ကစားသမားဘဝ အနားယူချိန်ကနေစလို့ ပထမဆုံးလက်ခံခဲ့တဲ့ နည်းပြရာထူးဖြစ်သလို ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ 

လမ်းပတ်ကို ကမ်းလှမ်းခဲ့တဲ့ အသင်းတွေထဲမှာ အောက်စဖို့ဒ်အသင်းနဲ့ အစ်ပ်ဆွစ်ချ် အသင်းတို့လည်း ပါဝင်ခဲ့ပေမယ့် ဒါဘီကောင်တီအသင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ လမ်းပတ်အနေနဲ့ သမိုင်းအစဉ်အလာရှိတဲ့ အသင်းတသင်းကို နည်းပြလိုခဲ့တာကြောင့် ဒါဘီကောင်တီကို ရွေးချယ်ဖြစ်ခဲ့ကြောင်း၊ ကလပ်အသင်းတသင်းကို နည်းပြရမှာ မလွယ်ကူပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း လမ်းပတ်က သူ့အနေနဲ့ ကစားသမားဘဝတလျှောက် ကလပ်အသင်း ၅ သင်းနဲ့ နိုင်ငံအသင်းရဲ့ နည်းပြ အယောက် ၂၀ အောက်မှာ ကစားခဲ့ဖူးပြီး အတွေ့အကြုံရင့် ကစားသမားဟောင်းတဦးလည်း ဖြစ်ပါတယ်။ချက်ဆီးလ် အသင်းမှာတစ်ချိန်က ခြေစွမ်းအရမ်းထက်ခဲ့တဲ့ကစားသမားလည်း ဖြစ်ပါတယ်။အခုချိန်မှာတော့ နည်းပြတစ်ဦးအဖြစ်ပြန်မြင်ရတော့မှာလည်းဖြစ်ပါတယ်။

photo scoure: DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။