နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ Mဆိုင်းလုတစ်ယောက် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီး ရားမြို့ကို ရောက်ရှိနေတာပဲဖြစ်ပါတယ်။ ကမ္ဘာပတ်ပြီး အပျော်ခရီးထွက်နေတဲ့ ဆိုင်းလုရဲ့ ပုံရိပ်တွေက တကယ်ကိုကြွေချင်စရာပါပဲ။ သူမရဲ့ရိုးရိုးရှင်းရှင်း ဖက်ရှင်လေးက ဆွဲဆောင် မှုတွေအပြည့်ပါပဲ။ အပြုံးလေးတွေက ပရိသတ်တွေရဲ့အသည်း တွေခြွေချနိုင်လောက်အောင် လှလွန်းသူလေးတစ်ယောက်ပါပဲ။

တိုင်းရင်းသူလေးဖြစ်ပြီး သူမရဲ့စကားသံဝဲဝဲလေးတွေဟာ ချစ်စရာကောင်းတဲ့ အမူအရာလေး တွေထဲကတစ်ခုပါပဲ။ ချမ်းစိမ့်စိမ့်ရာသီဥတုကြောင့် long coat အရှည်ကို သူမကခပ်မိုက် မိုက်ဝတ်ဆင်ထားပြီး ဆံနွယ်ရှည်တွေကိုတော့ ဒီအတိုင်းချထားပုံလေးက တကယ်ကို ကြွေ ချင်စရာပါ။ အပြုံးတွေက နှလုံးသားတွေအရည်ပျော်ကျလောက်အောင် ဆွဲဆောင်လွန်းနေ ပါတယ်။

သူမက အမေရိကန်နိုင်ငံရဲ့ Castello di Amorosa လို့ခေါ်တဲ့ အချစ်ရဲတိုက်ကို ရောက်ရှိနေ တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ မော်ဒယ် မလေး ဆိုင်းလုရဲ့ မရိုးမဆန်းဖက်ရှင် လေးနဲ့ ပွဲတက်ခဲ့တဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Photo - M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။