ပရိသတ်အချစ်တော် မင်းသမီးချောလေး မယ်လိုဒီကတော့ ပရိသတ်တွေသိရှိပြီးသားအတိုင်းအောင်မြင်တဲ့အနုပညာရှင်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းပေါ်ကို အချိန်တစ်ခုမျှလျှောက်လှမ်းခဲ့ပြီးယခုထိတိုင်အောင်မြင်တဲ့အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ အနုပညာလှုပ်ရှားမှုတွေ နည်းနေပေမယ့်လည်းသူမရဲ့ပရိသတ်တွေကတော့ ယခုထိတိုင် အားပေးချစ်ခင်ဆဲပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ မယ်လိုဒီကတော့ ပုဂံကိုရောက်ရှိနေတယ်လို့လည်းသိရပါတယ်။ပုဂံကိုရောက်ရှိနေပြီး ပုဂံမှာရှိတဲ့ U Ba Nyein Lacquerwareဆိုင်သွားရောက် လေ့လာခဲ့တယ်လို့လည်းသိရပါတယ်။မြန်မာတို့ရဲ့ မြတ်နိုးချစ်ခင်ရတဲ့ ယွန်းထည်တွေကို သွားရောက်လေ့လာခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"U Ba Nyein Lacquerwareဆိုင်သွားရောက် လေ့လာကြည့်ရှု့ သရေကျစုံနေရောအကုန်လုးံ လိုချင်စရာတွေကြီးဘဲလက်ဆောင်ဘဲ ပေးပေး ကိုယ်တိုင်ဘဲ သုးံသုးံ မြတ်နိုးတန်ဖိုးထားစရာ မြန်မာ့ယွန်းထည် တွေပါ"ဆိုတဲ့စာသားလေးနဲ့ဓာတ်ပုံလေးတွေတင်ထားတာပဲဖြစ်ပါတယ်။မြန်မာတို့ရဲ့ မြတ်နိုးရာဖြစ်တဲ့ ယွန်းထည်တွေကတော့ တကယ့်ကိုလိုချင်စရာ ကောင်းလှပါတယ်ပရိသတ်ကြီးရေ။

သတင်းအရင်းအမြစ်-မယ်လိုဒီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။