မျက်နှာပေါ်မှာရှိတဲ့ အဆီဖုတွေဟာ မျက်နှာသစ်တာမစင်ခြင်းကြောင်းဖြစ်ရတယ်ဆိုတာသိပါသလား။ တစ်ချို့ ကတော့ မျက်မှာအဆီဖုတွေက အဆီအဆိမ့်တွေစားလို့ ဆိုပြီးပြောစမှတ်ရှိပါတယ်။ တစ်ကယ်တော့ အဆီဖု ဟာဝက်ခြံဖြစ်ခြင်းရဲ့ အစဆိုလည်းမမှားပါဘူး။တစ်ချို့ကတော့ အဆီဖုဟာဟော်မုန်းကြောင့်ဖြစ်တတ်ကြပါတယ်။ ချွေးထွက်များပြီး မျက်နှာပေါ်မှာရှိတဲ့ချွေးထွက်အပေါက်လေးတွေကို ဂျီးတွေနဲ့ပိတ်စေပြီး အဆီတွေစုလာကာ အဆီဖုအဖြစ်ရောက်ရှိသွားကြောင်းဖြစ်ပါတယ်။

နောက်တစ်ခုသတိထားရမှာကတော့ မိမိအသုံးပြုနေတဲ့ မိတ်ကပ်တွေ၊ မျက်နှာပေါ်လိမ်းတဲ့ skin cream တွေ ကြောင့်လည်း အဆီဖုတွေထွက်လာစေပါတယ်။ဒါကြောင့် ညအိပ်ရာဝင်တဲ့အခါ မျက်နှာကိုစင်အောင်သစ်ပေးဖို့ လိုပါတယ်။မျက်နှာသစ်တဲ့အခါမှာလည်း မွှေးညင်းပေါက်မှာရှိတဲ့ ဂျီးတွေကို သန့်စင်အေင် သစ်ပေးရပါမယ်။ ဒီလိုမှမဟုတ်ရင် အဆီဖု ကနေတဆင့် ဝက်ခြံအဖြစ်ပေါက်ပွားလာမှာဖြစ်ပါတယ်။

လမ်းထွက်ရင်လည်း ဓာတ်ဆီအနံတွေ အငွေ့တွေ၊ ဖုန်မှုန့်တွေကိုတတ်နိုင်သမျှရှောင်ရပါမယ်။ပြီးတော့ မျက်နှာ ကိုတစ်ပတ်တစ်ကြိမ်လောက် ပေါင်တင်ပေးပါ။မိတ်ကပ် (သို့မဟုတ်) skin care တွေသုံးတဲ့အခါမှာလည်း တတ် ကျွမ်းတဲ့ သူတစ်ဦး နှင့်တိုင်ပင်ပြီး ရွေးချယ်ပေးတာကပိုသင့်တော်စေပါတယ်။ ဒါကြောင့် မြင်သူမကာ ငေးကြည့် ရအောင်ချောမောလှပတဲ့ မျက်နှာလေးပိုင်ဆိုင်ဖို့ မျက်နှာကိုစင်အောင်သစ်ကြစို့နော်။ 

Source: youtube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။