5BB အမည်နဲ့ အခမဲ့ဝိုင်ဖိုင်ကွန်ရက်ကို ရွှေတိဂုံစေတီ၊ ဆေးတက္ကသိုလ် ၁၊ နိုင်ငံခြားဘာ သာတက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဘူတာကြီး၊ ဗိုလ်ချုပ်စျေး၊ ကရဝိက်ဥယျာဉ်၊ တပ်မ တော်ခန်းမ၊ Ya Kon(လေဆိပ်)၊ LOTTERIA (ပုလဲကွန်ဒို)၊ LOTTERIA (၆ မိုင်ခွဲ)၊ LOTTERIA (တရုတ်တန်း)၊ EATFINITY Restaurant ၊ ရွှေကောင်း(ဗဟန်း)၊DIY၊ O-Shabu၊ Harmony (လှိုင်တက္ကသိုလ်)၊ Cafe Milano၊ LA Bar နဲ့ 7th Joint Bar & Grill စတဲ့နေရာတွေမှာ လွှင့်ပေးခဲတယ်လို့ပြောကြားခဲ့ပါတယ်။

ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Global Net က ရန်ကုန် မြို့ထဲက နေရာ ၂၀ မှာ ဝိုင်ဖိုင်ကွန်ရက်ကို ပြည်သူတွေ အခမဲ့အသုံးပြုနိုင်ဖို့ ဇန်နဝါရီ ၁၁ ရက်က ထုတ်လွှင့်ခဲ့တယ်လို့ ကြေညာခဲ့ပြီူ ဒီလိုအခမဲ့ဝိုင်ဖိုင်ကွန်ရက်လွှင့်တင်ပေးတာကို ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ထပ်မံတိုးချဲ့တပ်ဆင်ပေးဖို့ ဆွေးနွေးတာတွေ ပြုလုပ်နေပြီး နှစ်လအတွင်း တည်နေရာ ၅၀ ကို အခမဲ့ဝိုင်ဖိုင်ကွန်ရက် တပ်ဆင်ပေးနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ Global Net စီအီးအို ကိုသိန်းသန်းတိုးက 7daysdaily ကို ပြောကြားခဲ့ပါတယ်။

‘‘ဆက်သွယ်ရေးလိုင်စင်ရပြီးတဲ့နောက် ပထမဦးဆုံးမိတ်ဆက်တဲ့ Brand လည်း ဖြစ်ပါတယ်။ စီးပွားရေးအကျိုးအမြတ်အတွက် လုပ်ထားတာမဟုတ်တဲ့အတွက် ရေရှည်ရပ်တည်ဖို့အတွက်လည်း ကျွန်တော်တို့နည်းလမ်းရှာရမှာပါ"လို့ ဦးသိန်းသန်းတိုးက ပြောပါတယ်။ 5BB အခမဲ့ဝန်ဆောင်မှုကို အမြန်နှုန်း 512 kbps ကနေ 1MB အထိအသုံးပြုဖို့ ထုတ်လွှင့်ပေးထားပြီး တစ်ဦးတစ်ယောက်တည်း အချိန်ကြာမြင့်စွာ ဝင်ရောက်အသုံး ပြုနေတာကို ကာကွယ်ဖို့ မိနစ် ၃၀ ကို တစ်ကြိမ် ပြန်လည်ဝင်ရောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Source : 7DayDaily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။