ကမ္ဘာကျော် နာမည်ကြီး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Apple ဟာဆိုရင် သူတို့ ထုတ်လုပ်ထားတဲ့ iPhone တွေမှာ လုံခြုံရေးနဲ့ ပတ်သတ်တဲ့ စွမ်းဆောင်ရည်တွေ အပြည့်အဝ ထည့်သွင်းပေးထားတယ်လို့ ပြောကြားထားပါတယ်။ အထင်အရှားဆုံး ဖုန်းကတော့ ယခု နောက်ဆုံးထွက်ရှိထားတဲ့ iPhone X ပဲ ဖြစ်ပါတယ်။ 

iPhone X ရဲ့ Face ID ဟာ နေကာမျက်မှန်၊ ဦးထုပ်၊ ပါဝါ မျက်မှန်နဲ့ အခြား တန်ဆာများ ဝတ်ဆင်ထားရင်တောင် ပိုင်ရှင်ကို ခွဲခြားနိုင်ပါတယ်။ ဒါ့အပြင် မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးများ ပေါက်နေရင်လည်း ပိုင်ရှင်ကို မှတ်မိပါ တယ်။ 

Apple က Face ID ဟာ အမွှာများကိုတော့ ခွဲခြားနိုင်ခြင်း မရှိတဲ့အတွက် အရေးကြီးတဲ့ဒေတာများကိုတော့ Face ID အစား Passcode ဖြင့် ကာကွယ်ထားဖို့ အကြံပြုထားပါတယ်။ အခြားလူတစ်ယောက်က သင့်ရဲ့ iPhone X ကို မျက်နှာဖြင့် Unlock လုပ်ရင်တော့ အကြိမ် တစ်သန်းမှာ တစ်ကြိမ်သာအောင်မြင်နိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။ Touch ID ကတော့ အကြိမ် ၅၀,၀၀၀ မှာ ၁ ကြိမ် အောင်မြင်နိုင်တဲ့အတွက် Face ID ဟာ Touch ID ထက် အလွန် စိတ်ချရတယ်လို့ Apple က ကြေညာထား ပါတယ်။ 

Source:Mobile Guide Journal 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။