စိုင်းစိုင်းရဲ့ " ဟိုက်ရှားပါး" Mtv , ရွှေထူး ရဲ့ "8 days 8 months 8 hours " Mtvသီချင်းတွေထဲက Body ခပ်မိုက်မိုက် Sexy ခပ်ကျကျ ဂျစ်ကန်ကန်ကောင်မလေးကို မေ့ကြမယ် မထင်ပါဘူး။ Mari Cole ကတော့ Photo Model, Mtv လောကတွေကနေ

တဖြေးဖြေး နာမည်ကြီးလာရကနေ ခုဆို Musicဘက်ကိုပါ ခြေလှမ်းဦးတည်လာတာတွေ့ရမှာပါ။ 

နာဂလူမျိုးဖြစ်တဲ့ သူမဟာ နာဂလူမျိုးတွေအတွက် ပွဲတွေ တက်ဖြစ်နေပြီး လတ်တလောအနုပညာလှုပ်ရှားမှု အနေနဲ့ကတော့

လာမဲ့ ( ၉)လပိုင်းမှာ ကိုယ်ပိုင်သီချင်းခွေ Mini Album တခုထွက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။အဲ့ဒီ Album အပြတ်လန်းဖို့ ဘယ်လိုတောင် Mari cole ကြိုးစားweight ချနေသလဲ ဆိုရင်တော့ အံဩလောက်ဖွယ်ပါပဲ။  

(၈)ရက်အတွင်း (၁၀)ပေါင်ကျော်ကျသွားတဲ့ လျို့ဝှက်ချက်ကတော့

သူမ Boxingဆော့ဖြစ်နေပါတယ်။ မူရင်းပေါင်ချိန် (၁၄၀) ပေါင် ကနေ (၁၂၉) ပေါင် ကျသွားတဲ့ထိ ထိရောက်တဲ့ Boxing အားကစားနည်း ကြောင့်

(၈)ရက်အတွင်း တရက်မှ မနားပဲ ကစားခဲ့အတွက် တခါမှ မကြားဖူးတဲ့ ကြိုးစားမှုရဲ့ ရလဒ်လို့ ဆိုလိုက်ပါတယ်။

သူမ အတော်လေး စိတ်ချမ်းသာနေတဲ့အကြောင်း ပုံလေးတွေ နဲ့ Video လေးတွေပါ မျှဝေထားပါတယ်။

Source : မာရီ ကိုးလ် နာဂ Facebook page ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။