မုံရွာမြို့နယ်မြေရဲစခန်း ရဲအုပ်ရဲအောင်ဟာ မှုခင်းကျဆင်းရေးပညာပေး ပိုစ့်များကို အစဉ်တစိုက်တင်ပေးနေသူဖြစ်ပါတယ်။ သူ့ရဲ့ နှစ်လိုဖွယ်ကောင်းတဲ့ စာသားတွေကြောင့်လည်း သူဟာ အွန်လိုင်းမှာ လူချစ်လူခင်များပြီး မုံရွာနယ်မြေမှာလည်း သူ့ကို ချစ်ကြောက်ရိုသေကြတယ်လို့လည်း သိရပါတယ်။ ဒီတခါလည်း ယာခင်းထဲမှာ စုံတွဲချိန်းတွေ့ရင်း ကောင်မလေး ပိုးထိကာ အသက်ဆုံးရှုံးရပုံကို သတိပေးထားတဲ့ ပိုစ့်လေးတင်ထားတာတွေ့ရပါတယ်။ သူ့ပေချ့်မှာတင်ထားတဲ့ပိုစ့်လေးက ဒီလိုလေးပါ ...

"မောင်တို့ … မယ်တို့ … သမီးရည်းစား ချိန်းဆိုတွေ့ဆုံမယ်ဆိုရင်

နေ့ချိန်း .. နောက်ကြည့် ၊ ညချိန်း … အောက်ကြည့်ပါ

==========

မုံရွာပြည်သူ့ဆေးရုံကြီး မှုခင်းဆေးစာဌာနက ညကြီးမင်းကြီး အချိန်မတော် ကျနော့်ထံ ဖုန်းဆက်လာတယ် .. ၊ အကြောင်းကတော့ အသက်( ၂၀ )နှစ် ၀န်းကျင်ခန့် ကောင်မလေးတစ်ယောက်ရဲ့ အလောင်းကို သက်တူ ရွယ်တူ ကောင်းလေးနှစ်ယောက်က ဆိုင်ကယ်စီးပြီး လာပို့တယ် … အဲ့ဒါ မှတ်တမ်းယူဖို့ ဆေးရုံကို လာခဲ့ပါဦး..ဆိုတဲ့ အကြောင်းဘဲဖြစ်တယ် ..။

ဒါနဲ့ .. ကျနော်လဲ ချက်ချင်း ဆေးရုံကိုသွားခဲ့တယ် ။ ဖြစ်စဉ်က ဒီလိုပါ ..။ ချင်းတွင်းမြစ် အထက်ပိုင်းဒေသက ကလေးမ တစ်ယောက်ဟာ မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ထဲက အမျိုးသမီး အဆောင်မှာနေတယ် ..၊ နောက်ပြီး သူမရဲ့ ချစ်သူက ဗောဓိတစ်ထောင်နဲ့ မိုးညှင်းအကြားမှာရှိတဲ့ အမျိုးသားအဆောင် တစ်ခုမှာနေကြတယ် ..။

သူတို့နှစ်ယောက်ဟာ လူငယ်သဘာဝ အဲ့ဒီညက ဗောဓိတစ်ထောင်နဲ့ ကျောက္ကာ - ညောင်ပင် ဖြတ်လမ်းမကြီးဘေးက ယာခင်းတစ်ခုထဲမှာ ချိန်းဆိုတွေ့ဆုံခဲ့ကြတယ် ..။

အဲ့ဒီလို .. ချိန်းဆိုတွေ့ဆုံနေစဉ် မိနစ် နှစ်ဆယ်လောက်အကြာမှာ ကောင်းမလေးက .{ အမေ .. အား .. ပူတယ် …နာ တယ်.. ကယ်ကြပါ … } ဆိုပြီး ရုတ်တရက် အော်လိုက်တယ် .။ အဲ့လို အော်ပြီး မကြာခင် မိနစ်အနဲငယ်မှာ စကားမေး လုံးဝ မရတော့ပါဘူး..။ ဒါနဲ့ ကောင်းလေးက အဆောင်ပြန်ပြီး သူ့သူငယ်ချင်းတွေကို သွားခေါ်တယ် …။ ကောင်မလေးကို အဆောင်ပြန်ပို့ဖို့ သူတို့စီစဉ်ကြတယ် ..။ ဒါပေမဲ့ ကောင်မလေး ဘယ်အဆောင်နေတယ်ဆိုတာ သူတို့ သေသေခြာခြာ မသိကြဘူး..၊

ဒီလိုနဲ့ ဆိုင်ကယ်တစ်စီး ပေါ်မှာ ကောင်မလေးကို အလယ်ကတင်ပြီး လူသုံးယောက်ပိုးနဲ့ နန္ဒဝန်ရပ်ကွက်ထဲမှာ ကောင်မလေး အဆောင်ရှာရင်း သူတို့ ၀ဲလည်လည် ဖြစ်နေခဲ့ကြတယ် ..။ အဲ့ဒီအချိန်မှာ ကောင်းမလေးက အသက်မရှိတော့ပါဘူး ..။

ဒါနဲ့ ..နောက်ဆုံးတော့ ကောင်းလေးက သူ့ချစ်သူ ကောင်မလေးရဲ့ အလောင်းကို ဆေးရုံက ရင်ခွဲဆောင်မှာ လာရောက်ပို့ဆောင်ခဲ့တာဖြစ်တယ် ..။ ကျနော်လဲ အဲ့ဒီဖြစ်စဉ် သိရတာနဲ့ ကောင်လေးနဲ့ ကောင်မလေး ချိန်းဆိုတွေ့ဆုံခဲ့တဲ့ ယာခင်တောဘက်ကို လူစုပြီး ချက်ချင်းသွားရောက် စစ်ဆေးခဲ့တယ် ..၊။

လက်နှိပ်ဓာတ်မီး အားကောင်းကောင်း သုံးလက်နဲ့ အနီးဝန်းကျင်ကို သေခြာ ပိုက်စိပ်တိုက်ပြီး လိုက်လံရှာကြည့်ခဲ့ပါတယ် ။ အချိန်သိပ်မကြာလိုက်ပါဘူး .. ကောင်မလေးကို သတ်လို်က်တဲ့ တရားခံ အစစ်အမှန်ကို အဲ့ဒီ ယာခင်းတောထဲမှာဘဲ အသက်ရှင်လျက် လက်ရဖမ်းဆီးလိုက်ပါတယ် ..။

ကောင်မလေးကို သတ်လိုက်တဲ့ သူကတော့ အခြားသူ မဟုတ်ပါဘူး မြွေပွေးပေါက် သေးသေးလေးလေးများဘဲဖြစ်ပါတယ် ..။ အဲ့ဒီ မြွေပွေးသားပေါက် အကောင်သုံးဆယ်ကျော်ကို ဘယ်သူ့အမိန့်မှ မခံဘဲ ကျနော်ကိုယ်တိုင် မီးတိုက်ပြီး သုတ်သင်လိုက်ပါတယ် ..။

အဲ့ဒါကြောင့် မောင်တို့ … မယ်တို့ .. လူငယ်သဘာဝ ချိန်းဆိုတွေ့ဆုံကြမယ်ဆိုရင် ညအချိန် ချိန်းတွေ့ကြပါက အောက်ကြည့်ကြပါ ..။ မြွေမွှား .. ကင်းမွှားများ အလွန်ပေါးများ၏ အထူးသတိပြုကြပါ …။

ထိုမျှမက စုံတွဲများကို ပစ်မှတ်ထားပြီး လူသတ် လုယက်သူများလဲ ရှိနေတာကြောင့် နေ့အချိန် ချိန်းဆိုတွေ့ဆုံပါက နောက်ကြည့်ပြီးမှ ချိန်းဆိုကြပါ ..

မောင်တို့ … မယ်တို့ လူငယ်သဘာဝ ချိန်းဆိုတာ .. ချစ်တင်းနှောတာကို ဦးရဲကြီးများက လုံးဝ အပြစ်မပြောကြပါဘူး… ဒါပေမဲ့ အသက်အန္တရာယ် မဖြစ်အောင် .. အမှုအခင်းမဖြစ်အောင်တော့ ပြောပြတာကို လက်ခံပေးကြပါ ..ဒါဘဲ ..

ရဲအုပ် ရဲအောင်

စခန်းမှူး မုံရွာနယ်မြေ ရဲစခန်း"

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။