အားလုံးက ချစ်စနိုးနဲ့ မီယန်မာ မြှောင်မြှောင်းေ့မြှာင့် မင်းသမီးလေးတစ်ပါးအဖြစ် အသိအမှတ်ပြုထားကြတဲ့ တက်သစ်စ မင်းသမီးလေး ယမင်းဧကရီ တစ်ယောက် ယမန်နေ့အစောပိုင်း က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကို အကြောင်းမဲ့ တိုက်ခိုက်ခြင်းခံလိုက်ရတယ် လို့ဆိုပါတယ်။ လတ်တလောမှာ ယမင်းဧကရီ တစ်ယောက် သူမရဲ့ အကောင့်ကနေ သူမကိုယ်ပိုင် သီချင်းလေးတစ်ပုဓ်ကို Live လွှင့်ပြီးနောက်ပိုင်းမှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတဲ့ အကြောင်းအရာနှင့် ပတ်သက်ပြီး ယမင်းဧကရီ ကို Myanmarload က ဆက်သွယ်မေးမြန်းခဲ့ရာ အခုလို ဖြေကြားခဲ့ပါတယ် ။ အကောင့်မပျက်ခင် တစ်ည မှာ Facebook ကနေ အကြောင်းကြားစာတွေ ပေးပို့တာကို ဖုန်းကနေ လက်ခံရရှိခဲ့တယ်လို့ဆိုပါတယ်။ ရန်ငြိုးရန်စ မရှိဘဲ သူမ ကို အကောင့်ပျက်သွားတဲ့အထိ တိုက်ခိုက်ခဲ့တယ်ဆိုတာအတွက် ကိုတော့ စိတ်မကောင်းဖြစ်မိတယ် လို့ ပြောကြားခဲ့ပါတယ် ။ လတ်တလောမှာ သူမ အကောင့်ပျက်သွားတဲ့ အထိ တိုက်ခိုက် ခံခဲ့ရတဲ့ အတွက် ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်သွားတာ ၊ အလုပ်ကိစ္စတွေနစ်နာတာမျိုးတွေ ကြုံတွေ့နေရတယ် လို့ဆိုပါတယ်။

လတ်တလောမှာတော့ နားလည်တဲ့ သူတွေရဲ့ အကူအညီနဲ့ အကောင့်ကို ပြန်ဆယ်လို့ရအောင်ကြိုးစားပြီးနေတယ် လို့ဆိုပါတယ်။ လတ်တလော ပရိသတ်တွေကြားမှာ နေရာတစ်နေရာ ရရှိခဲ့တဲ့ သူမတစ်ယောက် အခု တိုက်ခိုက်မှုကြောင့် များစွာ နစ်နာရပါတယ် လို့ Myanmarload ကို အတည်ပြု ပြောကြားသွားပါကြောင်း ။

Photo Source - Pan Tahlyan  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။