ဇွန်လ ၅ရက်နေ့ဟာ ဆိုရင်တော့ သရုပ်ဆောင် ထွန်းထွန်းရဲ့ဖခင် မွေးနေ့ဘဲဖြစ်ပါတယ် ။ ထွန်းထွန်းက သူ့ရဲ့ဖခင်မွေးနေ့အတွက် အိမ်မှာ ဘုန်းကြီးဆွမ်းကပ်ပြီး ကုသိုလ်ယူခဲ့တာဘဲ ဖြစ်ပါတယ်။ မိဘအပေါ်သိတတ်ပြီး အနုပညာအလုပ်တွေမှာလည်း အောင်မြင်နေတဲ့ ထွန်းထွန်း ကို ပရိသတ်ကြီးလည်း ချစ်ကြမယ်ထင်ပါတယ် ။

ထွန်းထွန်းဟာ Example အဖွဲ့နဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်လာပြီး တစ်ခေတ် တစ်ခါက နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ တစ်ယောက်ဖြစ်ခဲ့တာပါ ။ နောက်ပိုင်းမှာ သရုပ်ဆောင်ဘက်ကို ကူးပြောင်းသွားပြီး သဘာဝကျပြီး ပီပြင်တဲ့ သူ့ရဲ့သရုပ်ဆောင် မှုတွေ ကြောင့် ပရိသတ်လက်ခံအားပေးလာတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ် ။ " အုတ်ကြားမြတ်ပေါက် " ရုပ်ရှင်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူး နိုင်ခဲ့ပါတယ် ။

လက်ရှိမှာ အနုပညာလှုပ်ရှားမှုအနေနဲ့ ရုပ်ရှင်ကားကြီးနဲ့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးနေတယ်လို့သိရပါတယ် ။ အနုပညာအလုပ်အပြင် နှင်းဆီအငြိမ့်အဖွဲ့ သားတွေနဲ့ လည်း ဒုက္ခရောက်နေတဲ့ စစ်ဘေးသင့်ြ့ပည်သူတွေ ရေဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေပွဲတွေကိုလည်း အခါအားလျော် စွာ ကြိုးစားကူညီနေတဲ့ မင်းသားချောလေးဘဲ ဖြစ်ပါ တယ် ။ ထွန်းထွန်းကိုချစ်တဲ့ ပရိသတ်ကြီးလည်း သူ့ကို အားပေးလိုက်ကြပါဦးနော် ။

Source : Htin Aung Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။