ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ ဗီယက်နမ် အလှမယ်လေး ငုရင်ထရန်ဟူရန်မိုင်ကတော့ မကြာသေးမီရက်ပိုင်းလေးတစ်ခုက Hanoi University မှာပြုလုပ်ခဲ့တဲ့ ပွဲလေးတစ်ပွဲကိုတက်ရောက်ခဲ့တာတွေ့ရပါတယ်။ သူမဟာ Hanoi University မှာပြုလုပ်သမျှပွဲလေးတွေတိုင်းကို တက်ရောက်ပေးတာတွေ့ရပြီး မိမိကိုပညာတွေသင်ပေးခဲ့တဲ့ နေရာလေးတစ်ခုကို အခုလို အကျိုးပြန်ပြုပေးတတ်တဲ့ စိတ်ဓာတ်လေးကတော့ လေးစားစရာပါပဲ။

ထိုနေ့က သူမဝတ်ဆင်လာတဲ့ဝတ်စုံလေးဟာဆိုရင်လည်း အမြင်တင့်တယ်လှသလို မြင်တွေ့ရတာနဲ့ကျက်သရေရှိလှပါတယ်။

ပရိသတ်တွေကို အမြဲအလေးထားတတ်တဲ့ သူမကတော့ ထိုပွဲလေးကိုမတက်ရောက်ခင်ထဲက ကျောင်းသားကျောင်းသူလေးတွေအတွက် Fan sign စာအုပ်လေးကို တခါတည်း ပြင်ဆင်လာခဲ့တာတွေ့ရပါတယ်။

ဒါ့အပြင် သူမဟာ ကျောင်းသားကျောင်းသူလေးတွေအတွက် စိတ်ဓတ်ခွန်အားရစေနိုင်မယ့် စကားလေးတွေပြောကြားပေးခဲ့ပြီး အတူတူတွဲကာ ဓာတ်ပုံလေးတွေရိုက်ကူးပေးခဲ့တာလည်းတွေ့ရပါတယ်။

သူမတတ်ကျွမ်းတဲ့ပညာနဲ့ သူမကို အသိဉာဏ်ပညာတွေ အများကြီးရရှိလာအောင် သင်ကြားပေးခဲ့တဲ့ Hanoi University ကကျောင်းသားကျောင်းသူလေးတွေကို အခုလိုမျိုးပြန်လည် အကျိုးပြုပေးတဲ့စိတ်ဓာတ်လေးက လေးစားစရာကောင်းလှပါတယ်။

ငုရင်ကတော့ ရုပ်ရည်လေးလည်းလှပလှသလို စိတ်ဓာတ်လေးလဲ အရမ်းလှပတဲ့သူတစ်ယောက်ဆိုတာကိုလည်း ပရိသတ်တွေလက်ခံကြမယ်လို့ထင်ပါတယ်။

ပရိသတ်တွေထဲမှာရော ငုရင်လိုမျိုး မိမိကိုပညာတွေသင်ပေးခဲ့တဲ့နေရာလေးကို ပြန်လည်အကျိုးပြုနေသူတွေ ရှိကြရဲ့လား။

source -

Nguyen Tran Huyen My

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။