သီချင်းစာသားလန်းလန်းလေးတွေနဲ့ တေးသီချင်းကောင်းလေးတွေကြောင့် လူငယ်ပရိသတ်တွေရဲ့ အချစ်တော်တစ်ဦးဖြစ်လာတဲ့ အဆိုတော် G-Fatt ကတော့ နာမည်ပြော်းလိုက်ပြီလို့ ဆိုပါတယ်..။

နာမည်ပြောင်းလိုက်တာကတော့ ပရိသတ်တွေကိုစနောက်တဲ့သဘောနဲ့ ပြောထားတာဖြစ်ပြီး အဲ့ဒီအကြောင်းလေးကိုတော့ G-Fatt က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ လွန်ခဲ့တဲ့နာရီပိုင်းလောက်က ပြောထားတာ ဖြစ်ပါတယ်..။

G-Fatt ကတော့ သူ့ကို ဂျီဖက်လို့အမြဲခေါ်ကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကို “ဆရာအဖက်” ဆိုပြီး ပြောင်းခေါ်ဖို့ ပြောထားတာ ဖြစ်ပါတယ်..။

“ရန်ကုန်မှာ မနေဘူး အညာဘက်သာဒိုး

နာမည်လေးပြောင်းလိုက်ပါပြီ

ဆရာအဖက်ပါလို့..” ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်..။

သူ့ရဲ့အဲ့ဒီပို့စ်အောက်မှာတော့ ပရိသတ်တွေနဲ့ အပြန်အလှန်စနောက်စကားလေးတွေပြောထားကြပြီး ပရိသတ်တွေကလည်း Comment တွေမှာ “ဆရာအဖက်” ဆိုပြီး ခေါ်ထားကြတာ တွေ့ရပါတယ်..။

ပရိသတ်တွေကို စနောက်လိုက်တဲ့ G-Fatt ကတော့ လတ်တလောမှာ ခရီးတွေထွက်ရှိနေပြီး ရှိုးပွဲတွေလည်း ဆက်တိုက်သီဆိုဖျော်ဖြေနေတာ ဖြစ်ပါတယ်..။

Photo – G-Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။