ပရိသတ်အချစ်တော်မင်းသားတစ်လတ်ဖြစ်တဲ့ မင်းဦးကတော့ အောင်မြင်တဲ့အနုပညာရှင်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ရုပ်ရှင်ဇာတ်ကားများစွာရိုက်ကူးထားပြီး အနုပညာရှင်တို့ရဲ့ ပန်းတိုင်တစ်ခုဖြစ်တဲ့ အကယ်ဒမီဆုကိုလည်းရရှိပိုင်ဆိုင်ထားသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယခုအခါမှာတော့ ရှူတင်နားရက်လေးမှာ ဘုရားသွားပြီး ကုသိုလ်ယူနေတဲ့ မင်းဦးရဲ့ဓာတ်ပုံလေးတွေကိုမင်းဦးရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ဘုရားသန့်ရှင်းရေးနဲ့ ၇ရက်သားသမီးတွေအတွက် လိုရာဆန္ဒာပြည့်စေပါစေလို့လည်း ဆုတောင်းထားတာတွေ့မြင်ရပါတယ်။

မင်းဦးရဲ့လူမှုကွန်ယက်ပေါ်မှာတော့"ရူတင်နားတဲ့နေ့

ဘုရားသန့်ရှင်းရေး

ရွှေနန်းသွင်းဘုရား

ဆရာတော်ဘုရားအားဆွမ်းကပ်

၇ရက်သားသမီးအပေါင်း ကျန်းမာ ချမ်းသာ လိုရာဆန္ဒတွေပြည့်စုံကြပါစေ"ဆိုတဲ့စာသားလေးနဲ့

ဘုရားမှာ ကုသိုလ်ပြုလုပ်နေတာပဲဖြစ်ပါတယ်။သာယာတဲ့ ဇနီးမောင်နှံ ပိုင်ဆိုင်ထားတဲ့မင်းဦးကတော့ရွှေနန်းသွင်းဘုရားမှာ ကုသိုလ်ယူခဲ့တာပဲဖြစ်ပါတယ်။မင်းဦးရဲ့ ကုသိုလ်ပြုလုပ်မှုတွေကိုလည်းပရိသတ်တွေအနေနဲ့ သာဓုခေါ်နိုင်ကြဖို့ပြောခဲ့ပါရစေ....

သတင်းအရင်းအမြစ်-မင်းဦး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။