ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါ၀င်ပတ်သက်ခဲ့သူများကို ဖော်ထုတ်စစ်ဆေးလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါ၀င်ပတ်သက်ခဲ့ပြီး တိမ်းရှောင်နေသော ငါးခူရ(အလယ်ရွာ)နေ အီနု(ဘ)နာဒူဟူဆောင်း ကိုလည်းကောင်း၊ မွန်းလွဲ ၁ နာရီခန့်တွင် ငါးရံ့ချောင်းကျေးရွာနေ ဆွေဒူလာမီ(ဘ)အဗ္ဗဒူလာ၊ မာမွတ်ကာဆင်း(ဘ) ဇော်လာမောက်၊ ရှူဟတ်(ဘ) မူဇင်မေနှင့် ညနေ ၄ နာရီခွဲခန့်တွင် ပဒါးကားကျေးရွာနေ မာမတ်အီဒရစ်(ဘ)အဒူမာလစ် တို့အားလည်းကောင်း စုစုပေါင်းငါးဦး ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် ငါးခူရနှင့်ကျီးကန်းပြင် အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါ၀င်ခဲ့ကြောင်း၊ အကြမ်းဖက်စီးနင်း တိုက်ခိုက်မှုများပြုလုပ်ရန် ငွေကြေးထောက်ပံ့ ၍ လူအင်အားစုဆောင်းပေးခဲ့သူများဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် တိမ်းရှောင် နေရာမှ ၎င်းတို့၏ ကျေးရွာများသို့ ပြန်လည်ဝင်ရောက်နေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိ ရသည်။

အဆိုပါ ဖမ်းဆီးရမိဘင်္ဂါလီများအား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်းနှင့် တပ်မတော်စစ်ကြောင်းနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပါ၀င်သော ပူးပေါင်းအဖွဲ့များက နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။