ချစ်စရာကောင်းတဲ့ မင်းသမီးချောလေးတစ်လတ်ဖြစ်တဲ့ ရွှေပိုးအိမ်ကတော့ အောင်မြင်တဲ့အနုပညာရှင်သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်အားပေးမှုတွေများစွာ ရရှိလာသူဖြစ်တဲ့ ရွှေပိုးအိမ်ကတော့မကြာခဏဆိုသလို ကိုသိုလ်ကောင်းမှုတွေပြုလုပ်လေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။

ယခုအခါမှာလည်း လမ်းလုပ်သွားတွေကိုလမ်းသွားရင်း ကိုယ်ချင်းစာတဲ့စိတ်ကလေးနဲ့ ရေလှူဒါန်းခဲ့တယ်လို့လည်းသိရပါတယ်။ရတနာလမ်းနဲ့ ပါရမီလမ်းထောင့်မှာရှိတဲ့ လမ်းလုပ်သားတွေကို ရေသန့်လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။ဒီလို လှူဒါန်းရတဲ့ အပေါ်မှာလည်း ပီတိတွေဖြစ်မိတယ်လို့လည်းသိရပါတယ်။

သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့ "လမ်းသွားရင်းနဲ့ ကာလဒါနလုပ်ခဲ့ပါတယ်ရှင့်"ဆိုတဲ့စာသားလေးနဲ့ ဓာတ်ပုံလေးတွေကို တင်ထားတာပဲဖြစ်ပါတယ်။တကယ့်ကို အားကျအတုယူစရာကောင်းတဲ့ အကျင့်လေးပါပဲပရိသတ်ကြီးရေ။ချစ်စရာကောင်းပြီး ကိုယ်ချင်းစာစိတ်ကလေးရှိတဲ့ သူမကိုတော့ ပရိသတ်တွေ အားပေးစကားပြောခဲ့ကြပါအုံးနော်...

သတင်းအရင်းအမြစ်-ရွှေပိုးအိမ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။