သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေနဲ့ သရုပ်ဆောင်တတ်တဲ့ မြင့်မြတ်က သူ့ရဲ့ငဒူဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဇွန် လ ၂၉ရက်နေ့မှာ ရုံတင်တော့မှာဖြစ်ပါတယ် ။ ဒီရုပ်ရှင်ကား ကြီး မှာ မြင့်မြတ် ၊ ရွှေမှုန်ရတီနဲ့ နန်းဆုဦးတို့က အဓိက ပါဝင်သရုပ်ထားတာပါ ။ ထုံးစံအတိုင်း Drama ပိုင်းမှာရော ဟာသပိုင်းမှာရော ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ မြင့်မြတ်က ဒီကားမှာလဲ ပရိသတ်တွေကို မျက်ရည်ကျစေဦးမှာပါ ။

ရိုးသားတဲ့ တောသူတောင်သား တွေအဖြစ် ရွာဇာတ်လမ်းကို အခြေခံပြီးရိုက်ကူး ထားတာဖြစ် ပါတယ် ။ ဇာတ်လမ်းရဲ့အစပိုင်းမှာ ပရိသတ်တွေကို ရယ်မော ပျော်ရွှင်စေတဲ့ ဇာတ်ဝင် ခန်း တွေနဲ့အစပြုထားပြီး နောက်ပိုင်းမှာတော့ ပရိသတ်တွေ မျက်ရည်ကျစေမယ့် ဒရမ်မာ ခန်း တွေနဲ့ မြင့်မြတ်ရဲ့ ပီပြင်ပြီး သဘာဝကျတဲ့ သရုပ်ဆောင်ကွက်တွေကို မြင်တွေ့ရမှာပါ ။ ရိုးအပြီး တုံးအအနိုင်တဲ့ကောင်လေး တစ်ယောက်အဖြစ် မြင့်မြတ်ကို မြင်တွေ့ရမှာဖြစ်ပြီး ရွှေမှုန် ကို တော့ ခပ်သွက်သွက် စွာတေးလန်ကောင်မလေးအဖြစ် မြင်တွေ့ရမှာပါ ။

ဒီဇာတ်လမ်းရဲ့ အဓိက ရည်ညွှန်းချက်ဖြစ်တဲ့ " ဦးနှောက်ကြီးပြီးနှလုံးသားမကြီးရင် ရက်စက်တတ်တယ်ဦးနှောက်မကြီးပဲ နှလုံးသားကြီးလွန်း ရင်လည်း နုံသွား အသွားတတ်တယ် " ဆိုတဲ့ ဦးမင်းဦး ရဲ့ဒိုင်ယာလော့လေးက နေ သင်ခန်းစာတွေအများကြီးရမယ်လို့ ယုံကြည်ပါတယ် ။ ပရိသတ်ကြီးလည်း မြင့်မြတ်ရဲ့ ငဒူ ဆိုတဲ့ ရုပ်ရှင်ကားကြီးရုံတင်ရင် အားပေးလိုက်ကြပါဦးနော် ။

Source : ငဒူ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။