အခုလတ်တလောမှာ အနုပညာရှင်တွေ တော်တော်များများရဲ့အကောင့်တွေ Hack ခံနေရတာ ပရိသတ်ကြီးလည်း သိမှာပါနော် ။ ဒါပေမယ့် Hacker တွေက အနုပညာရှင် တွေကို ငွေညှစ်ခြင်း ၊ ခြိမ်းခြောက်ခြင်းမျိုးတွေ တစ်ခုမှမလုပ်ခဲ့ပါဘူး ။ အကောင့်ကို Hack ပြီးရင် သူတို့ Hack လိုက်ပြီဆိုတဲ့အကြောင်း သိသာစေဖို့ Cover မှာ hacker ပုံတင်ပြီး ကြေငြာခဲ့ကြတာပါ ။ အခုလည်း ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ကျော်ကျော်ဗိုလ်ရဲ့ အကောင့် ကိုလည်း ဇွန်လ ၅ရက်နေ့ မှာ ဟက်ခံလိုက်ရတယ်လို့သိရပါတယ် ။

ဇွန်လ ၅ရက်နေ့ နေ့လည် ၂နာရီနောက်ပိုင်းမှာ Acc ဟာ Auto lock ကျသွားပြီး email တွေ Passoword တွေ အကုန်ပြောင်းလဲသွားခဲ့တယ်လို့ Live လွှင့်ပြီးရှင်းပြခဲ့တာဘဲ ဖြစ်ပါတယ် ။ အနုပညာရှင်တွေတော်တော်များများရဲ့ Account တွေ Hack ခံနေရတာသိပေမယ့် သူ့ရဲ့ အကောင့်ကိုတော့ Hack လိုက်ပြီဆိုတဲ့အကြောင်း တစ်စုံတစ်ရာအကြောင်းကြားချင်းမျိုး မရှိတဲ့အပြင် cover ချိန်းခြင်းမျိုးလည်း မရှိတဲ့အတွက် ဇွန်လ ၅ရက်နေ့ နှစ်နာရီ နောက် ပိုင်းမှာ messenger မှာ ပြောတဲ့ ကိစ္စတွေဟာ သူနဲ့သက်ဆိုင်ခြင်းမရှိလို့ အတိလင်း ပြောကြားခဲ့တာဘဲဖြစ်ပါတယ် ။

အလုပ်ကိစ္စ တွေ မိတ်ဆွေအပေါင်းသင်းတွေနဲ့ပြောထားတဲ့ Conversation တွေရှိတဲ့ အတွက် အကောင့် ဟက်ခံရတဲ့အပေါ်စိုးရိမ်မှု ရှိနေတာဘဲ ဖြစ်တယ်ဆိုတဲ့အကြောင်းကို အကောင့်သစ်ကနေ ဖြေရှင်းခဲ့တာဖြစ်ပါတယ် ။ နည်းပညာပိုင်းကို ကောင်းတဲ့ဘက်မှာဘဲ အသုံးချစေချင်တယ်လို့လည်း သိရပါတယ် ။ ပရိသတ်ကြီးရေ ကျော်ကျော်ဗိုလ် အကောင့် လေး အမြန်ဆုံး ပြန်ရဖို့ ဆုတောင်းပေးလိုက်ပါဦးနော် ။

Source : Win Kyaw Kyaw Bo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။