ကလေးသရုပ်ဆောင် အိစိကွေးဆိုတာနဲ့ ပရိသတ်ကြီးအားလုံးသိပြီးသားဖြစ်မှာပါနော် ။ ကလေးသရုပ်ဆောင်ဘဝကနေ အခုဆို ဂီတလမ်းကြောင်းပေါ်မှာရော အနုပညာလမ်း ကြောင်းပေါ်မှာရော အောင်မြင်နေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ ။ ပရိသတ် တွေ အချစ်ပိုရတဲ့ အိစိကွေးလေးကတော့ မိန်းမတွေကိုကြောက်တယ်လို့ ဆိုလာပါတယ် ။

ပရိသတ်တွေက ကလေးလို့ဘဲ မြင်နေသေးတယ်ဆိုပေမယ့် လူပျိုပေါက်အရွယ်ရောက်နေ ပြီ ဖြစ်တဲ့ အိစိကွေးလေးကတော့ အချစ်ကိုခံစားတတ်နေပြီထင်ပါတယ်နော် ။

" ချစ်ရမှာကိုကြောက်တယ်

အလိမ်ခံရမှာကိုကြောက်တယ်

လျှာရိုးမရှိတိုင်း ပြောတာတွေကို ယုံမိမှာကြောက်တယ်

အသက်မပါတဲ့အပြုံးတွေကို ကြောက်တယ်

လှပမှုအောက်က ဟန်ဆောင်မှုတွေကို ကြောက်တယ်

အကုန်ပြောမယ်

ကျွန်တော် မိန်းမတွေကို ကြောက်တယ် " ဆိုတဲ့စာသားကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာ ပေါ်ကနေ ရေးသားခဲ့တာဘဲ ဖြစ်ပါတယ် ။

အရင်က သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ပုံတွေတင်ခဲ့ဖူးပေမယ့် လက်ရှိမှာတော့ အိစိတစ် ယောက် Single ပြန်ဖြစ်သွားပြီ ထင်ပါတယ် ။ သူ့ရဲ့ပရိသတ်တွေကတော့ သေချာတယ် လူပျိုကြီးဖြစ်တော့မယ်လို့စနောက်ထားကြတာတွေ့ရပါတယ် ။ ဘာဘဲ ဖြစ်ဖြစ် အိစိကို ချစ်တဲ့ ပရိသတ်ကြီးကတော့ သူ့ကို ဆက်လက်အားပေးလိုက်ကြပါဦးနော် ။

Source : အိစိကွေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။