ပရိသတ်အချစ်တော်မင်းသမီးချောလေး ဘေဘီမောင်ကိုတော့ ပရိသတ်တွေသိရှိပြီးသားဖြစ်မယ်ထင်ပါတယ်။အမြဲတမ်းချစ်စရာပုံရိပ်လေးတွေနဲ ပရိသတ်တွေကို ဖမ်းစားတက်တဲ့သူမကတော့ ဒီတစ်ခါမှာလည်း သူမရဲ့လိုက်ဖက်တဲ့ ဖက်ရှင်လေးနဲ့ ဈေးထွက်ထွက်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

သူမကတော့ အမြဲလိုလို သူမရဲ့လူမှုကွန်ယက်မပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက် ဓာတ်ပုံလေးတွေနဲ့စာသားလေးတွေအမြဲတမ်းတင်လေ့ရှိသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဖြူရောင်လေးနဲ့ လှနေသူလေးကတော့တကယ့်ကို ချစ်စရာကောင်းနေတာကတော့အမှန်ပါပဲ။

လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလိုလုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်။နောက်ပြီး သူမက အမေရိကန်ကို သွားရောက်နေထိုင်တော့မယ်လို့လည်းသိရပါတယ်။သူမရဲ့ပရိသတ်တွေအနေနဲ့လည်းသူမအတွက် စကားလက်ဆောင်လေးတွေပြောခဲ့ကြပါအုံးနော်....

သတင်းအရင်းအမြစ်-ဘေဘီမောင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။