ပရိသတ်အချစ်တော် တစ်ဦးဖြစ်တဲ့အောင်ရဲလင်းကတော့ အခုချိန်မှာရုပ်ရှင်ဇာတ်လမ်းများနှင့်MTV များကိုရိုက်ကူးနေတာလည်းဖြစ်ပါတယ်။ ခန္ဓာကိုယ်လုံးကိုယ်ပေါက်က လည်းတောင့်တင်းပြီး ချစ်စရာအပြုံးလေးတွေကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ သရုပ်ဆောင်လုပ်ခါစကတော့ ဆံပင်ရှည်နဲ့ ကိုရီးယားမင်းသားနဲ့ဆင်တူတယ်လို ပရိသတ်များက အားပေးခဲ့တာလည်းဖြစ်ပါတယ်။  

အခုချိန်မှာတော့ ဆံပင်စတိုင်ပြောင်းလိုက်ပေမဲ့လည်း ပရိသတ်အားပေးမူကတော့ အခိုင်းအမာရှိနေတာလည်းတွေ့ရပါတယ်။ အလုပ်ကို ကြိုးစားပြီးအနုပညာအလုပ်များကို အများကြီး လုပ်သွားမယ်လို့လည်းသိရပါတယ်။ဟိုတစ်လောကလည်းမပိုပို နှင့်အတူ MTVရိုက်ကူးခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မတစ်ထောင်တစ်ကောင်ဖွား ဆိုတဲ့ရုပ်ရှင်ကားကြီးဟာလည်း အောင်မြင်နေတဲ့ရုပ်ရှင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ်။ 

ရိုက်ကွင်းတွင်စိတ်ရှည်လက်ရှည်နဲ့ အတွဲညီစွာ ရိုက်ကူးပေးခဲ့တဲ့အောင်ရဲလင်းကို ကျေးဇူးတဲ့ အကြောင်းကိုလည်း မပိုပိုက‘’မနေ့ညက၂နာရီအထိ စိတ်ရှည် လက်ရှည် ရိုက်ကူးပေးပါသော ကိုအောင်ရဲလင်း နဲ့ Director အောင်သူရ တို့အဖွဲ့Here & Now Dancers ညီမလေးတို့ကို ကျေးဇူးပါ letmekissyou ထွက်ရင်လဲ အားပေးပါ အသည်းတို့ ‘’ဆိုပြီးတော့ မပိုပိုမှ သူမ၏ လူမူကွန်ယက်မှာတင်ထားတာလည်းဖြစ်ပါတယ်။ အနုပညာ အလုပ်တွေနဲ့ အလုပ်ရှုပ်နေတဲ့အောင်ရဲလင်းကိုလည်း အားပေးကြပါအုန်းနော်။  

Photo scoure:Aung ye lin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။