မြင့်မြတ်ရဲ့ "ဗိုလ်အောင်ဒင် ချစ်သော မိန်းမများ " ဇာတ်ကားထဲက ရွှေစင်ဆိုတဲ့ ဂျင်းမလေးဟာ လဲ့ယမင်း ဖြစ်ကြောင်း မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်။ လတ်တလော လဲ့ယမင်းကတော့ ခရီးတွေထွက်လိုက်၊ အနုပညာတွေ လုပ်လိုက်နဲ့ ငြိမ်ချက်သားကောင်းနေပါတယ်။

အနုပညာအသိုင်းအဝိုင်းမှာကော အပြင်မှာ ပါ လူငယ်သဘာ၀ လွတ်လွတ်လပ်လပ် နေတတ်သူမို့ သူမရဲ့ Style နဲ့ fashion က အမြဲတမ်း အထာကျကျနဲ့ ကြည့်ကောင်းနေတာကိုတွေ့ရမှာပါ။ဘုရားတရား မမေ့သလို တစ်ပတ်မှာ အနည်းဆုံး တကြိမ်လောက် အမြဲတမ်း ဘုရားသွားကျောင်းတက်နေသူမို့ သူမဟာ ဘာသာတရားကိုင်းရှိုင်းတဲ့သူတစ်ယောက်ဖြစ်ကြောင်း သိသာပါတယ်။

ခုဆိုရင်တော့ သူမဟာ သံတောင်မြို့ကို ခရီးတွေ ထွက်ဖြစ်နေပြီး တိမ်တွေနဲ့ ကိုယ် ဆိုတဲ့ သိပ်လှတဲ့ တောင်ပေါ်ဒေသနေရာတစ်ခုကို အလည်ရောက်လို့ နေပါတယ်။ရှူခင်းသိပ်လှတဲ့ နော်ဘူဘော်ဆုတောင်းတောင်ပေါ်မှာ တိမ်ဖြူဖြူ တွေကို နောက်ခံထားပြီး ရိုက်ထားတဲ့ သူမ ပုံအလန်းစားတွေကို ပြန်လည်မျှဝေလိုက်ရပါတယ်။

source: Lei Yamin facebook; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။