ယောကျာ်းကော၊ မိန်းမပါ စိုပြေပြီးလှပတဲ့နှုတ်ခမ်းသားရရှိဖို့အတွက် ဒီနည်းလမ်းလေးကို လိုက်နာနိုင်ပါတယ်။ နှုတ်ခမ်းသားမည်းပြီး ညိုနက်နေတာကိုတော့ ဘယ်သူမှမကြိုက်ကြပါဘူး။ ဒါကြောင့် လှပပြီးစိုပြေတဲ့ နှုတ်ခမ်းဖူးဖူးလေးရရှိဖို့ ဒီနည်းလမ်းလေးတွေကို တင်ပေးလိုက်ပါတယ်။

၁။ သံပယိုသီး

သဘာဝအသီးဖြစ်တဲ့ သံပယိုသီးကို အရည်အနည်းငယ်ညှစ်ပြီး ညအိပ်ရာမဝင်ခင် နှုတ်ခမ်းမှာသုတ်လိမ်းပါ။ ဒါမှမဟုတ် သံပယိုသီးကို ပါးပါးလှီး သကြားအနည်းငယ်ဖြူးပြီး နှုတ်ခမ်းသားပေါ် ပွတ်တိုက်ပေးပါ။ ဒါဟာ နှုတ်ခမ်းသားပေါ်မှာရှိတဲ့ ဆဲလ်အသေတွေကိုဖယ်ရှားပေးပြီး နှုတ်ခမ်းကို နူးညံ့စိုပြေစေပါတယ်။ ရက်သတ္တပတ်အနည်းငယ်ကြာရင် အပြောင်းအလဲကို သိသိသာသာတွေ့မြင်ရမှာပါ။ 

၂။ သံလွင်ဆီ

ရှောက်သီးနဲ့နည်းလမ်းသိပ်မကွာတဲ့သံလွင်ဆီကိလြဲ ညအိအိပ်ရာမဝင်ခင် နှုတ်ခမ်းမှာသုတ်လိမ်းပြီး နှုတ်ခမ်းအသားထဲစိမ့်ဝင်အောင် အသာအယာနှိပ်နယ်ပေးပါ။ ဒါမှမဟုတ် သံလွင်ဆီနဲ့သကြားအရောကို နှုတ်ခမ်းမှာသုတ်လိမ်းပြီးမှ ညအိပ်ရာဝင်ပါ။

၃။ သကြားနဲ့ထောပတ်

သကြားနဲ့ထောပတ်အရောကို နှုတ်ခမ်းပေါ်တင်ပေးပြီးနှိပ်နယ်ပေးပါ။ တစ်ပတ်တစ်ခါလုပ်ပေးမယ်ဆိုရ်င နှုတ်ခမ်းသားအရောင်ပြောင်းလာတာကို တွေ့ရမှာပါ။

၄။ သခွားသီး

သခွားသီးကို ပါးပါးလှီးပြီး နှုတ်ခမ်းနဲ့ဖိကပ်ထားပါ။ သခွားသီးမှအရည်ဟာ နှုတ်ခမ်းသားအတွင်းသို့ ဝင်ပါစေ။ ဒီနည်းကိုတော့ တစ်ရက်ကို ငါးမိနစ်ကြာ ပုံမှန်လုပ်နိုင်ပါတယ်။

Source : viral4real

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။