လက်ရှိမြန်မာနိုင်ငံရဲ့ ဥတုသုံးပါးထဲက မိုးရာသီဥတုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ အဆိုပါ မိုးဦးရာသီမှာပဲ မြန်မာပြည်အနှံ့အပြားရှိဒေသများစွာ ရေဘေးအန္တရယ်ဖြစ်ပေါ်နေတာတွေ့ရပါတယ်။ အဆိုပါ မြို့တွေထဲက စစ်ကိုင်းတိုင်းရွှေဘိုမြို့လည်း တစ်ခုအပါအဝင်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ 

ဒီကနေ့ ဇွန်လ ၆ ရက်နေ့ မိုးရွာသွန်းမှုကြောင်း မြန်မာနိုင်ငံအထက်ပိုင်းဒေသများစွာနှင့် ရှမ်းပြည်နယ်တို့တွင်လည်း မိုးကြီးမှုကြောင့် ရေဒုက္ခသည်များစွာရှိနေကြောင်း သိရပါတယ်။ ရွှေဘိုမြို့ဒီကနေ့ ရွာသွန်းခဲ့တဲ့ ရေကြောင့်လမ်းပန်းဆက်သွယ်ရေးများစွာနှင့်အတူ ဗုဒ္ဓဘာသာနယ်မြေများလည်း နစ်မြှပ်လျှက်ရှိတာတွေ့ရပါတယ်။  

လက်ရှိ ကျောင်းဖွင့်ရာသီဖြစ်တာနှင့်အညီ ကျောင်းသား၊ကျောင်းသူများစွာအတွက် သွားလာရေးခက်ခဲမှုများစွာရှိနေတာတွေ့ရပါတယ်။ မိုးရာသီရဲ့ အဆိုးဆုံးနှစ်တစ်နှစ်ဖြစ်ခဲ့တဲ့ ဒီနှစ်ရဲ့ မိုးရွာသွန်းမှုပုံရိပ်များကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - ရွှေဘိုဆုံမှတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။