Hip Hop အဆိုတော် ယုန်လေးက ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ဦး ဖြစ် သလို သရုပ်ဆောင်ပိုင်းမှာလည်း Original Gunstar ကားနဲ့ ပရိသတ်လက်ခံမှုအပြည့်ဝ ရရှိ ခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဆိုလည်း မမှားပါဘူး ။

ယုန်လေးကတော့ လူတကာကို စနောက်တတ်တဲ့ ချစ်စရာကောင်းတဲ့အကျင့်လေးတစ်ခုရှိပါတယ်။ အခုလဲ ပရိသတ်တွေ ကြား ထဲမှာ လတ်တလောနာမည်ကြီးနေတဲ့ ကွီးနေထူးနိုင်ကို စနောက်လိုက်ပြန်ပါပြီ ။

မိတ်ကပ် ညီညီမောင် စမ်းခောျင်းကတော့ ယုန်လေးတစ်ယောက် သူမကို ဦးညီညီမောင်လို့ လိုက်လိုက်စလို့ Facebook မှာ Block ထားတယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုတဲ့ ထိ အစနောက်ကြမ်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ် ။ အခုလဲ ကွီးနေထူးနိုင်ကို

" ကွီး နေထူးနိုင်နော် ဆင်ဆာရုံးဝ ကိုရောက်လာတုန်းပဲရှိသေးတယ်။

ရုပ်ရှင် တစ်လောကလုံး ပိတ်ထားတဲ့ကားတွေ ဆင်ဆာကျသွားတယ် ။

haa haa haaa . အဲ့လိုလေးဖြစ်ရင်ကောင်းမယ်နော် " ဆိုပြီး စနောက်ခဲ့တာကို သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကနေ ရေးသားခဲ့တာဘဲ ဖြစ်ပါတယ် ။

အစနောက် သန်တဲ့ယုန်လေး ကို ကွီးနေထူးနိုင်ကို စနောက်တာဖြစ်ပြီး တကယ်ဆင်ဆာမ ကျပါဘူးလို့ သူ့ရဲ့ပရိသတ်တွေကို comment မှာ ပြန်လည်ရှင်းပြထားတာလည်း တွေ့ရ ပါတယ်။ အစနောက်သန်တဲ့ယုန်လေးနဲ့ ကွီးနေထူးနိုင်တို့ရဲ့ အမှတ်တရ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် ။

Source : Kyaw Phone Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။