အာဆင်​နယ်​စတား ဆန်​းချက်​ဟာ ဆွမ်​ဆီးအသင်​းအား 4.0 နှင်​့ အနိုင်​ယူခဲ့သည်​့ပွဲ၌ လူစားလဲခံခဲ့ရပြီး​နောက်​ မ​ပျော်​မရွှင်​ဖြစ်​နေသည်​့ အမူအရာ​ကြောင်​့ ​ဝေဖန်​မှုများနှင်​့ ရင်​ဆိုင်​ခဲ့ရပြီး အာဆင်​နယ်​၌ မ​ပျော်​ရွှင်​​တော့​ကြောင်​း သတင်​းထွက်​လာခဲ့ပါတယ်​။

သို့​ပေမယ်​့ ချီလီစတားမှ ၎င်းဟာ လန်​ဒန်​နှင်​့ အာဆင်​နယ်​၌ အလွန်​​ပျော်​ရွှင်​​နေ​ကြောင်​း ​ပြောကြားခဲ့ပြီး ​ကောလဟာလသတင်​းများကို အဆုံးသတ်​လိုက်​ပါတယ်​။

"ကျွန်​​တော်​ အာဆင်​နယ်​မှာ အ​ရေးပါတဲ့ကစားသမားဖြစ်​တယ်​လို့ ခံစားရပြီး ဒီအတွက်​လည်​း ပွဲစဉ်​တိုင်​း ကြိုးစားပြီး သက်​​သေပြနိုင်​ခဲ့တယ်​လို့ ယုံကြည်​ပါတယ်​။ ပြီး​တော့ အာဆင်​နယ်​ကစားသမား​တွေအားလုံးဟာလည်​း ​အောင်​မြင်​မှု​တွေရယူဖို့ လုံ​လောက်​တဲ့ ကွာလတီမျိုးရှိတယ်​လို့ ယုံကြည်​ပါတယ်​''

"ကျွန်​​တော်​့အ​နေနဲ့လည်​း လန်​ဒန်​နဲ့ အာဆင်​နယ်​မှာ​နေရတာ အဆင်​​ပြေ​ပျော်​ရွှင်​​နေပြီး ကျွန်​​တော်​တို့ကို အ​ကောင်​းဆုံး ​ထောက်​ပံ​ပေး​နေတဲ့ ပရိတ်​သတ်​​တွေအတွက်​ ပရီးမီးယားလိဂ်​ (သို့) ချန်​ပီယံလိဂ်​ဆုဖလား​တွေ ရယူ​ပေးသွားချင်​ပါတယ်​'' လို့ ဆန်​းချက်​မှ ဆိုပါတယ်​။

#Conia(တမူး)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။