နယ်သာလန်နှင့် မန်ယူနည်းပြဟောင်း လူးဝစ်ဗန်ဟားလ်သည် ဘောလုံုးလောကမှ အနားယူတော့မည် ဖြစ်ကြောင်း ထုုတ်ပြန်ကြေညာလိုုက်သည်။ လူးဝစ်ဗန်ဟားလ်က ဘောလုံုးလောကတွင် ဆက်လက်ကျင်လည်သွားလိုုသော သားမက်ဖြစ်သူ ကွယ်လွန်သွားသောကြောင့် သမီးဖြစ်သူ၏ မိသားစုုကုုိ အချိန်ပေး နုုိင်ရန်အတွက် အနားယူရန် ဆုံုးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူးဝစ်ဗန်ဟားလ်က မန်ယူအသင်းမှ ထုုတ်ပယ်ခဲ့ရပြီးသည့်နောက်တွင် ကောင်းမွန်သော ကမ်းလှမ်းမှုများကုုိ လက်ခံရရှိခဲ့ကြောင်း သုုိ့သော်လည်း မိသားစုုအတွက် အချိန်ပေးရန် ကမ်းလှမ်းမှုများကုုိ ပယ်ချခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။ ဗန်ဟားလ်က - “ဘောလုံုးလောက ကနေ အနားယူပါတော့မယ်၊ အမှန်တော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက အနားယူမလိုု့ပါပဲ၊ နောက်တော့ မန်ယူအသင်းကုုိ တာဝန်ယူဖြစ်ခဲ့တယ်၊ မန်ယူအသင်းနဲ့ လမ်းခွဲပြီးတော့ ခဏ နားပြီး နည်းပြလောကထဲ ပြန်ဝင်မလိုု့ပဲ မိသားစုု အခြေအနေကြောင့် အနားယူဖုုိ့ စဉ်းစားခဲ့တာပါ” ဟုု ပြောကြားသွားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။