မကြာခင်ရက်ပိုင်းလေးတစ်ခုအတွင်းမှာတော့ နာဇီအရာရှိဟောင်းတစ်ဦးကို ရှာဖွေဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်မှန်ဇတ်လမ်းကို ဖန်တီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတစ်ကား ရုံတင်တော့မယ်လို့သိရပါတယ်။

ထိုရုပ်ရှင်ကားရဲ့နာမည်ကတော့ Operarion Finale ဖြစ်ပြီး MGM ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်ပြသသွားမှာပဲဖြစ်ပါတယ်။

ထိုကားထဲက အဓိကဇတ်ကောင်ကတော့ နာဇီအရာရှိ အဒေ့ါဖ် အိုက်ရှ်မန်း ဖြစ်ပြီး သူကတော့ ဂျူးလူမျိုးတွေကို အော့ရှ်ဝစ်ဇ်လို အကျဉ်းစခန်းတွေဆီပို့ဆောင်တဲ့နေရာမှာ ကြီးကျပ်ပေးတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

၎င်းဇတ်လမ်းထဲမှာတော့ အော်စကာ အိုင်ဆက် လို့အမည်တွင်တဲ့ မော့ဆက်ထောက်လှမ်းရေးသမားဟာ ဗျူနိုအေးရိစ်မြို့မှာ နာမည်တုနဲ့ နေထိုင်နေတဲ့ အဒေါ့ဖ် အိုက်မန်းကို ရှာဖွေးဖမ်းဆီးခဲ့တဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ 

၎င်းဖြစ်ရပ်ကြောင့် အစ္စရေးနဲ့ အာဂျင်တီးနား နှစ်နိုင်ငံအကြား အငြင်းပွားမှုပေါ်ပေါက်ခဲ့သလို အဖမ်းဆီခံ နာဇီအရာရှိဟောင်း အိုက်ရှ်မန်း ကိုတော့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် အပြစ်ရှိကြောင်းဆုံဖြတ်ပြီး သေဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ အစ္စရေးနိုင်ငံထူထောင်တဲ့ ၁၉၄၈ ခုနှစ်နောက်ပိုင်း အစ္စရေးအစိုးရ သေဒဏ်ပေးခဲ့တဲ့ တစ်ဦးသောနာဇီအရာရှိဖြစ်တဲ့ အိုက်ရှ်မန်း အကြောင်းရိုက်ကူူးထားတဲ့ Operation Finale ရုပ်ရှင်ကားကိုတော့ လာမယ့်စက်တင်လာလ ၁၄ ရက်နေမှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ရုံတင်ပြသသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။

source - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။