ပရဟိတမင်းသမီးလို့ ပရိသတ်တွေတင်စားရလောက်အောင် ပရဟိတလုပ်ငန်းတွေပြုလုပ်နေတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်မင်းသမီးခိုင်နှင်းဝေရဲ့ ဖေ့စ်ဘွတ်အကောင့်အဟက်ခံရလိုက်ရတာ တွေ့ရပါတယ်..။

သူမကိုယ်တိုင်အသုံးပြုပြီး ပရဟိတလုပ်ငန်းဆောင်ရွက်မှုတွေကိုနေ့စဉ်မှတ်တမ်းတင်နေတဲ့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်လေး ထိန်းချုပ်ခံလိုက်ရလို့ တော်တော်လေးကို စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်..။

သူမဖေ့စ်ဘွတ်အကောင့်ကိုတော့ ဇွန်လ(၄)ရက်နေ့ညက အဟက်ခံလိုက်ရတာဖြစ်ပြီး အကောင့် ဟက်ခံလိုက်ရလို့ စိတ်မကောင်းဖြစ်နေတဲ့ အကြောင်းလေးကိုလည်း Terry Jop ဖေ့စ်ဘွတ်အကောင့်ကနေ ရေးသားပြောပြထားပါသေးတယ်..။

“မခိုင်နှင်းဝေ အကောင့်မနေ့ညက အဟက်ခံရပါတယ်... သူငယ်ချင်းတွေ အားလုံးသိအောင်ပြောပြတာပါ.. ပရဟိတကိစ္စတွေ, အလှူမှတ်တမ်းတွေ ရှိတဲ့ အကောင့်မို့လို့ သူတော်တော်လေး စိတ်မကောင်းဖြစ်နေပါတယ်..” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

သူမရဲ့ဖေ့စ်ဘွတ်အကောင့်လေး ဟက်ခံနေရတဲ့အချိန်လေးမှာ ပရဟိတလုပ်ငန်းတွေအတွ့် အသုံးပြုဖို့နဲ့ သူမရဲ့ပရဟိတလုပ်ဆောင်မှုလေးတွေကို အချိန်ပြည့်မှတ်တမ်းတင်ဖို့အတွ့် ဖေ့စ်ဘွတ်အကောင့်အသစ်လေးကိုလည်း ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်..။

“ကျနော့်fbထဲမှ မခိုင်နှင်းဝေရဲ့ချစ်ပရိသတ်များ, အနုပညာမောင်နှမများ, ပရဟိတမိတ်ဆွေအသင်းအဖွဲ့များ, သူငယ်ချင်းများ, အလှူရှင်များ, အားလုံးခင်ဗျာ,,,

ကျနော်အခုtagထားတဲ့ Khine Hnin Wai အကောင့်အသစ်သို့ပြန်လည်addပေးကြပါလို့ တောင်းဆိုချင်ပါတယ်...

ကျနော်ယခုတင်ထားတဲ့ Profile နဲ့ cover သာ မခိုင်နှင်းဝေရဲ့ တရားဝင်သုံးစွဲသောအကောင့်အစစ်ဖြစ်ပါတယ်...

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ...

Sorry for tag all our fris ...” ဆိုပြီး ရေးသားအသိပေးထားတာ ဖြစ်ပါတယ်..။

Photo - Terry Jop၊ ခိုင်နှင်းဝေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။