နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပက်ထရစ်ရှာတစ်ယောက် သူမရဲ့ချစ်စရာကောင်း လွန်းတဲ့ ပုံရိပ်လေးတွေကို တင်လိုက်ပြန်ပါပြီ။ ဒူးဖုံးဂါဝန်လေးနဲ့ အသည်းယားချင်စဖွယ်လေး ဖြစ်နေတဲ့ သူမရဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေရဲ့အသည်းတွေကို တဖဲ့ချင်းခြွေချလို့နေပါ တယ်။

အသက်ဆယ့်လေးနှစ်လောက်ကစလို့ အနုပညာလောကထဲမှာ မော်ဒယ်အဖြစ်နဲ့ လျှောက်လှမ်းခဲ့ပြီး နောက်ပိုင်းမှာတော့ သရုပ်ဆောင်မင်းသမီးအဖြစ်နဲ့လျှောက်လှမ်း ခဲ့တာ အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။ " မကြွေပါနဲ့ ဆာကူရာ " ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိခဲ့သူလေးလည်းဖြစ်ပါတယ်။

နိုင်ငံခြားသူလေးတစ်ယောက်လို လှပလွန်းတဲ့သူမရဲ့ပုံစံလေးဟာ ကလေးငယ်လေး တစ်ယောက်လို လှပလွန်းနေပါတယ်။ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို " အလုပ်တွေရှုပ် နေတာကြောင့်ပုံလေးတွေ သိပ်မတင်ပေးနိုင်တာကို ခွင့်လွှတ်ပေးပါနော် စိတ်မကောက်ကြ ပါနဲ့လို့ အမြဲတမ်းချစ်နေပေးကြပါလို့ "အရုပ်ကလေးလို ချစ်စရာကောင်းလွန်းတဲ့ ရှာရှာရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Patricia (Shu Sha Naing)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။