ပရိသတ်အချစ်တော် Beauty Blogger မလေးတစ်ယောက်ဖြစ်တဲ့ နေခြည်ဦးတစ်ယောက် သူမရဲ့ အလှပဆုံး အမိုက်စားပုံရိပ်တွေကို တင်လိုက်တာပဲဖြစ်ပါတယ်။ Telenor ရဲ့ ပွဲကို တက်လာရဲ့ သူမရဲ့ပုံစံလေးဟာ ကြွေရုပ်လေးအလား လှပလွန်းနေပါတယ်။

Beauty Blogger အဖြစ်နဲ့ သူမကိုပရိသတ်တွေက စတင်သတိထားမိခဲ့ပြီး Chilli ဆိုတဲ့သူမရဲ့ Nickname လေးကို fan တွေက ချီချီဆိုပြီး ချစ်စဖွယ်အဖျားစွတ်ခေါ်ဝေါ်ခဲ့ကြတာပဲဖြစ်ပါတယ်။ သူမရဲ့အလှအပဆိုင်ရာ Video လေးတွေဟာလည်း အမျိုးသမီးတွေအတွက် အတော်လေး အသုံး ဝင်တာမို့ မိန်းကလေးအများစုရဲ့ Idol လည်းဖြစ်ပါတယ်။

လက်ရှိမှာတော့သူမက " ဧည့်သည် " ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးနေပြီး သူမရဲ့ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်တယ်လို့လည်းဆိုပါတယ်။ သူမရဲ့ အလှပဆုံးပုံရိပ်တွေကို " Do u wanna build a snowman " ဆိုပြီး တင်ထားတာဖြစ်ပါ တယ်။ ချီချီ့ရဲ့အလှတွေကို တင်ဆက်ပေးလိုက်ပြီနော်။

Photo - Nay Chi Oo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။