နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ညိမ်းသော်တစ်ယောက် ချက်ပြုတ်နေတဲ့ သူ့ရဲ့ပုံရိပ် လေးတွေ ကို တင်လိုက်တာပဲဖြစ်ပါတယ်။ အေပရွတ်လေးကိုဝတ်ထားပြီး အရမ်းကိုသန့်နေတဲ့ ညိမ်းသော်ရဲ့ ပုံရိပ်တွေဟာ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကို ခြွေချနေတာအသေအချာ ပါပဲ။

" ည " ရုပ်ရှင်ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့သတိထားမှုကို ရရှိခဲ့ပြီး နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်ရင်း ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ အာရှရဲ့ နံပါတ်တစ်မင်းသားဖြစ်တဲ့ လီမင်ဟိုနဲ့လည်း ရုပ်ချင်းအနည်းငယ်ဆင်တူတယ်ဆိုတဲ့ ဝေဖန်မှုတွေကြောင့် ပရိသတ်တွေက ပိုမိုသတိထားမိလာကြတာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတဲ့ ညိမ်းသော် တစ် ယောက် သူ့ရဲ့ပုံရိပ်တွေကို " Your’s lovely CHEF " ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ အမျိုးသားတွေဟာ မီးဖိုချောင်နိုင်နင်းကြပါတယ်။ ညိမ်းသော်ကလည်း ပျိုပျိုမေ တို့အားကိုးရလောက်မယ့် အမိုက်စား ကိုကိုတစ်ယောက်ဖြစ်မှာ အသေအချာပါပဲ။

Photo - Nyein Thaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။