ပရိသတ်အချစ်တော် မင်းသမီးချော်လေးဆုပန်ထွာကတော့ လတ်တလောမှာ သာယာတဲ့မိသားစုလေးကိုပိုင်ဆိုင်ပြီး ဖြတ်သန်းနေသူတစ်ယောက်ပဲဖြစ်ပါတယ်။သူမကတော့ မိုးတွင်း ကျရောက်ပြီမို့ချစ်သားလေးနဲ့အတူ မဖျားမနာရလေအောင် ကာကွယ်ဆေးထိုးဖြစ်တယ်လို့လည်းသိရပါတယ်။

ဗီဒီယိုဇာတ်ကားတွေမှာ အမြဲလိုလိုပါဝင်လေ့ရှိတဲ့ သူမကတော့ ပရိသတ်တွေအတွက် သူမရဲ့လူမှုကွန်ယက်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေအတွက် အမြဲလိုလိုဓာတ်ပုံလေးတွေနဲ့ စာသားလေးတွေတင်လေ့ရှိသူလည်းဖြစ်ပါတယ်။ဒါကလည်း သူမကိုအချစ်ပိုစေခဲ့တဲ့ အချက်လေးတစ်ချက်ပါပဲ။

ယခုအခါမှာတော့ မိုးတွင်းကျရောက်လာပြီမို့မဖျားမနာရအောင် ကြိုတင်ကာကွယ်ဆေးထိုးဖြစ်နေတယ်လို့ လည်းသိရပါတယ်။သူမရဲ့လူမှုကွန်ယက်ပေါ်မှာတော့"Roar Roar ရော၊မာမားရော ဒီနေ့ကာကွယ်ဆေးထိုးဖြစ်ပါတယ်။မိုးတွင်းဘက်မဖျားမနာရအောင်ကြိုထိုးရမှာအခုနဲနဲ တောင်နောက်ကျသွားပါတယ်။ သူ့ဒယ်ဒယ်ကတော့ဒီနေ့မအားလို့နောက်နေ့မှသွားထိုးရပါမယ်။မိသားစုမှာ Roar Roar ကျန်းမာဖို့၊ဒယ်ဒယ်ကျန်းမာဖို့၊ သူတို့နှစ်ယောက်ကိုပြုစုဖို့အရေးအကြီးဆုံးကကိုယ်ကျန်းမာနေဖို့ပါ။Roar Roar ကာကွယ်ဆေးထိုးရင်ပုံလေးတေရိုက်နေကျမို့ သားမိနှစ်ယောက်ပုံလေးလဲမတင်တာကြာ။သူ့ပုံလေးတေကြည့်ပြီးချစ်လို့အမှတ်တရတင်ဖြစ်ပါတယ်။ မာမားမျက်ခုံးလေးတော့သည်းခံကြည့်ပေးပါ။ ခိ"ဆိုတဲ့ စာသားလေးနဲ့ ဓာတ်ပုံလေးတွေတင်ထားတာကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။ပရိသတ်တွေအနေနဲ့လည်း မိုးတွင်းကာလ ကျရောကပီမို့ကလေးရော လူကြီးပါ ကျန်းမာရေးအတွက် မဖျားမနာရလေအောင် ကာကွယ်ဆေးထိုးကြဖို့ တိုက်တွန်းပရစေ...

သတင်းအရင်းအမြစ်-ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။