ပရိသတ်တွေအနေနဲ့ ရုပ်ရှင်မင်းသမီးလေး နဝရတ်ရဲ့ဖခင်ဟာ လူ့လောကကြီးထဲက နှူတ်ဆက်ထွက်ခွာသွားခဲ့ပြီဆိုတာတော့ သိကြမယ်ထင်ပါတယ်။

ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့အတွက် ဝမ်းနည်းကြွေကွဲမှုတွေ များစွာခံစားနေရတဲ့ နဝရတ်ကိုလည်း ပရိသတ်တွေများစွာက အားပေးစကားလေးတွေ ပြောကြားပေးနေတာကိုလည်းတွေ့ရပါတယ်။ 

ဇွန်လ 6 ရက်နေ့လေးမှာဆိုရင်တော့ နဝရတ်ရဲ့ ဖခင်ကွယ်လွန်သွားတာဟာ တစ်လပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။

ရှိစဉ်အခါတုန်းကလည်း မိဘအပေါ်သိတတ်နားလည်းလွန်းလှတဲ့ သမီးလေး နဝရတ် ဟာဆိုရင်လည်း ဖခင်အတွက် ရည်စူးပြီး အိမ်မှာပဲ ရေစက်ချ အမျှဝေကာ လလည်ဆွမ်းကပ်ပေးခဲ့တာတွေ့ရပါတယ်။ 

အခုရက်ပိုင်းလေးတွေအတွင်းမှာဆိုရင်လည်း နဝရတ်ဟာ ဖခင်အတွက်ကောင်းမှုကုသိုလ်လေးတွေ အမြဲပြုလုပ်နေရင်း ဝမ်းနည်းနေတဲ့ စိတ်လေးကို ပျော်ရွှင်အောင်ထားနေတာတွေ့ရပါတယ်။

သိုပေမယ့် ဖခင်ကို လလည်ဆွမ်းကပ်နေတဲ့ ယခုပုံရိပ်လေးတွေထဲမှာဆိုရင်တော့ ရင်ထဲမှာအရမ်းဝမ်းနည်းနေတယ်ဆိုတာလေးတွေက ပေါ်လွင်နေလှပါတယ်။

ပရိသတ်တွေလည်း နဝရတ် ရဲ့ ဖခင်အတွက် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ကြဦးနော်။

source - Nawaratt ko ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။