ယနေ့ ဇွန်လ (၈) ရက်နေ့မှာတော့ အဆိုတော် အစ္စဏီကို (၅) ကြိမ်မြောက်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ မော်ဒယ်လ်စူးရှထက်ကို အလိုမတူဘဲ အနိုင်ကျင့်ခဲ့တယ် ဆိုတဲ့အကြောင်းပြချက်နဲ့ တရားစွဲခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ သူတို့အမှုကို ရုံးထုတ်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ပရိသတ်တွေကြားမှာလည်း အမြင်နှစ်မျိုးကွဲနေပြီး သူတို့နှစ်ဦးရဲ့ အမှုနဲ့ပတ်သတ်ပြီးတော့လည်း အတော်လေး စိတ်ဝင်စားနေကြပါတယ်။ 

ဒီအမှုကနေ ပရိသတ်တွေအတွက် စိတ်မကောင်းဖြစ်စေတာကတော့ ရုံးချိန်းတိုင်းကို အမြဲလာနေတဲ့ အစ္စဏီရဲ့ မိခင်ကြီးပဲဖြစ်ပါတယ်။ သူမဟာ သူမသားအတွက် အတော်လေးပူပင်နေရှာပြီး သူမသားကိုယုံတယ်လို့လည်း အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ယနေ့ရုံးချိန်းကိုလည်း အစ္စဏီရဲ့မိခင်တက်ရောက်လာပြီး မိုးရေတွေထဲမှာ သားအတွက်ပူပန်နေရှာတဲ့ သူမရဲ့ ဓာတ်ပုံတွေကတော့ ပရိသတ်တွေအတွက် စိတ်မကောင်းစရာဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ အမှုအခြေအနေနဲ့ပတ်သတ်ပြီး အသေးစိတ် မသိရသေးပေမဲ့ ပြီးခဲ့တဲ့ ရုံးချိန်းမှာတော့ အစ္စဏီက စူးရှထက်ကို လိမ်ပြောနေရတာ ပျော်ရဲ့လား ဘေဘီဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီအမှုနဲ့ ပတ်သတ်ပြီး ပြည်သူတွေလည်း အတော်လေးစိတ်ဝင်စားနေကြပြီး ဒါဟာတကယ်ပဲဖြစ်ခဲ့တဲ့လား ဂွင်ဆင်ထားတာလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လို့နေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။