မော်တင်ဂိတ်မှာ

မဟာဗန္ဓုလလမ်းအတိုင်း

မြို့ထဲပတ်မောင်းပေးမဲ့(၅၇)လိုင်းက

ကားတွေကလည်းဒီနေ့လည်းမထွက်လို့

ကားဂိတ်မှာ ခရီးသည်တွေစုပြုံနေတယ်။

ဒါပေမဲ့ကိုယ်ကျိုးစွန့်ပြီးအများအတွက်

ကူညီပေးချင်တဲ့ စာနာတတ်တဲ့

ကားပိုင်ရှင်တွေ ယာဉ်မောင်းတွေရဲ့

အခမဲ့သယ်ယူပို့ဆောင်ပေးမှုကြောင့်

အဲ့ပြဿနာကိုကျော်လွားနိုင်ခဲ့ကြတယ်။

အဲ့အချိန်ပုံမှာပါတဲ့ဘုန်းဘုန်းက

သိမ်ဖြူသွားချင်လို့ ဘယ်လိုစီးရမလည်းတဲ့။

ကိုယ်ကဘုန်းဘုန်းခဏလေးစောင့်ပါဘုရား..

အခမဲ့ကူညီနေတဲ့ကားများနဲ့

ထည့်ပေးပါ့မယ် ဆူးလေကြရင်

ကားပြောင်းစီးပါလို့ ပြောပြနေရင်း

ပုံမှာပါတဲ့ မြန်မာအစ္စလာမ်

လူငယ်ဖောင်ဒရေးရှင်းကားက

ဆူးလေအခမဲ့ဆိုပြီး ခရီးသည်တွေ

လာတင်ပေးပါတယ်။

ဘုန်းဘုန်းတို့ရှေ့ခန်းကတက်ကြပါပြောပြီး

အကိုရေဘုန်းဘုန်းတို့ကသိမ်ဖြူသွားမှာဗျလို့

ပြောလိုက်တော့ ယာဉ်မောင်းတဲ့သူက

အဲ့ဒါဆိုသူဘုန်းဘုန်းတို့ကို သိမ်ဖြူအထိ

လိုက်ပို့ပေးပါ့မယ်ပြောပြီး တင်သွားပါလေရောဗျာ။

လူမျိုးမရွေး ဘာသာမရွေး

ကူညီတတ်ခြင်းဟာလည်း

မင်္ဂလာတစ်ပါးပါ့လေ။

Credit Ko Soe

TharNyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။