မကြာခင်ကမှ ချစ်သူကို ပရိသတ်တွေဆီ တရားဝင်ချပြလိုက်တဲ့ နေခြည်ဦးတို့ စုံတွဲကတော့ လက်ရှိမှာ ပရိသတ်စိတ်ဝင်စားမှုကို ရရှိလို့ထားပါတယ်။ သူတို့ချစ်သူနှစ်ဦးရဲ့ ဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုအပိုင်းအစလေးတွေကိုတော့ နေခြည်ဦးရဲ့ Instagram မှာ မကြာခဏတွေ့ရပြီး ပရိသတ်တွေကတော့ လိုက်ဖက်တဲ့ စုံတွဲတစ်တွဲဆိုပြီး မှတ်ချက်ပေးနေကြတာကိုလည်း တွေ့ရပါတယ်။

နေခြည်ဟာ သူမရဲ့ beautybynaychi page ကနေ make-up tutorials လေးတွေတင်လေ့ရှိပြီး အခုနောက်ဆုံးတင်လိုက်တဲ့ Video လေးကတော့ အသည်းကွဲ lady တွေအတွက် ဖြစ်တယ်ဆိုုပြီး ပြောပြထားပါတယ်။ လက်ရှိမှာလည်း နေခြည်တစ်ယောက် သူမကိုယ်တိုင် အသည်းကွဲနေတယ်လို့ ပြောပြထားတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း သူမအနေနဲ့ မိန်းကလေးတွေ အသည်းကွဲပြီး ဖြစ်သလိုမနေဘဲ လှလှပပပြင်ဆင်ပြီး ကိုယ့်ကိုချစ်တဲ့သူတွေနဲ့ နေဖို့ အကြံပေးထားတဲ့ make-up tutorial လေးလည်း ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ နေခြည်ဦးဟာ ဒိတ်ဒိတ်ကြဲ မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုန်ရတီ နာမည်ကြီးအဆိုတော် ရွှေထူးတို့နဲ့အတူ ဇာတ်ကားရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အချစ်ရေးနဲ့ပတ်သတ်လို့ မကြာခင်ကမှ ထုတ်ဖော်ပြောခဲ့ပေမယ့် လက်ရှိမှာ အသည်းကွဲနေတယ်ဆိုတဲ့ ချီချီ့ရဲ့ အချစ်ရေးကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ သူမရဲ့ ပရိသတ်တွေကတော့ ချီချီ့တို့စုံတွဲကို အမြန်ပြေလည်စေချင်ကြောင်း comment ပေးထားတာလေးတွေလည်း တွေ့ရပါတယ်။

Source : Beautybynaychi page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။