အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်အချစ်တော်တစ်ဦးလည်းဖြစ်တဲ့ အေးမြတ်သူကတော့ အသက် (၃၂) နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ သူမရဲ့ မွေးနေ့လေးကိုတော့ မိသားစုတွေနဲ့အတူ ဘုရားမှာ ကောင်းမှုကုသိုလ်ပြုရင်း အေးအေးချမ်းချမ်းလေး ဖြတ်သန်းခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ မမြတ်လေးဟာ ပရိသတ်တွေစောင့်ကြည့်ရတဲ့ မင်းသမီးစာရင်းဝင်တစ်ဦးဖြစ်ပြီး သူမရဲ့ အချစ်ဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာကောင်းလှပါတယ်။

ချစ်သူရှိကြောင်းပြောပြထားပေမယ့် ချစ်သူကို ထုတ်ဖော်ပြမထားတဲ့ မမြတ်လေးကတော့ သူမချစ်သူရဲ့ ပုံပန်းသဏ္ဍာန်လေးနဲ့ပတ်သတ်ပြီး အခုလိုလေးပြောပြထားတာ တွေ့ရပါတယ်။

"ဟိတ် ...........

မမြတ်လေး ကို အပျိုကြီး လို့ ခေါ်တဲ့ သူတွေ

ဒီမှာကြည့်ထားနော် ...အသက် ၄၀ ကျော်မှာ

ဒီလိုသားလေးတယောက်ရမှ ယောက္ခမကြီး လို့

လာမခေါ်နဲ့နော်...

သားသား က အဖေတူ ဆိုတော့ နဲနဲညိုတဲ့ အညိုစင်လေး

ဖြစ်မှာရှင့်....

အဖေနဲ့အမေ က ပြုံးချိုတော့

သားသာ အပြုံး က သာကာရည်ပေါ် ပျားရည်စမ်းပြီပေါ့ရှင်" ဆိုပြီး ဟာသလေးနှောကာ ပြောပြလို့ထားပါတယ်။

လွန်ခဲ့တဲ့ ရက်အနည်းကတော့ သူမရဲ့ facebook page အဟက်ခံခဲ့ရတယ်လို့ သိရပြီး သူမအနေနဲ့လည်း စိတ်မကောင်းဖြစ်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မမြတ်လေးတစ်ယောက် အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာတွေ့ရပြီး ကားရိုက်လက်ခံထားတာလေးတွေလည်း ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အကယ်ဒမီတစ်ကြိုစားရင်းမှာပါဝင်ခဲ့ပြီး လွဲချော်ခဲ့ပေမယ့် သူမရဲ့သရုပ်ဆောင်စွမ်းရည်ကိုတော့ ပရိသတ်တွေက ရင်ထဲကအကယ်ဒမီ ပေးလို့ထားကြပါတယ်။ 

Source : Aye Myat Thu

Photo Source : Amazing Grace

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။