ခုချိန်ခါ မိုးရာသီကျရောက်လာပြီးဖြစ်တဲ့အတွက် မိုးရာသီမှာအဖြစ်များတဲ့ ဝေဒနာတွေ မဖြစ်ရအောင်ကြိုတင် ကာကွယ်သင့်ပါတယ်။ရာသီအလိုက်ဖြစ်တတ်တဲ့ ရောဂါတွေကတော့ ဆေးထိုးဆေးသောက်ရင်သက်သာပေမဲ့ ခံရခက်တယ်ဆိုလည်း မမှားပါဘူး။ခုတင်ပြပေးမှာကတော့ မိုးရာသီမှာ အဖြစ်များတဲ့ ရောဂါဝေဒနာတွေမဖြစ်ရ အောင်ဘယ်လိုကြိုတင်ရမလဲဆိုတာ တင်ပြသွားမှာဖြစ်ပါတယ်။ 

ခန္ဓာကိုယ်မှာလိုအပ်နေတဲ့ ဓာတ်ပေါင်းများစွာရှိပါတယ်။ အဲထဲမှာမှ ဗီတာမင် စီဟာ ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အပြင်ကရောဂါပိုးတွေ မဝင်အောင်လည်းတာဆီးနိုင်ပါတယ်။ဗီတာမင် စီကို နေ့စဉ်စားပေးရင် အရိုးတွေသန်းစွမ်းစေတယ်။ သွေးလွတ်ကြောတွေ ၊ သွေးပြန်ကြောတွေ ၊ ကိုကောင်းစေပြီးနှလုံးကို သန်စွမ်းစေ တယ်။ ဉာဏ်ရည်ကောင်းစေတယ်။စိတ်ရွင်လန်းစေတယ်။ အအေးမိခြင်း၊ ဖျားနာခြင်းတွေကိုလည်း တော်ရုံနဲ့ မဖြစ်အောင်ကာကွယ်ပေးပါတယ်။ဗီတာမင် စီကို အမျိုးသား ၉၀ မီလီဂရမ်၊ အမျိုးသမီး ၇၅ မီလိဂရမ် နေ့စဉ် စားပေးသင့်ပါတယ်။ 

အမျိုးသားတွေအနေနဲ့ ဆေးလိပ်သောက်တတ်ရင် ဗီတာမင် စီ ပိုစားသင့်ပါတယ်။ ဗီတာမင် စီ ရရှိနိုင်တာက တော့ လိမ္မော်၊ ရှောက်သီး၊သံပုရာ၊ ကျွဲကော၊ သခွားသီး၊ ကင်ပွန်းချဉ် စတဲ့ အစားစာတွေက နေရရှိနိုင်တာမို့လို့ နေ့တိုင်းမဟုတ်ရင်တောင်မှ တစ်ပတ်ကို ၃ ရက်လောက်စားပေးပါနော်။မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ် တာအကောင်းဆုံးမို့ ဂရုစိုက်ကြပါစို့။ 

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။