Social media ပေါ် CCS အက်မင်လို့ စွပ်စွဲခံရအပြီးနောက် အပြင်မှာ အထိန်းသိမ်းခံထားရတဲ့ မျိုးကိုကိုစန်း

ထိုင်းနိုင်ငံသို့ အလည်အပတ် ရောက်နေရာကနေ ပြန်အလာ မနေ့ညက ရန်ကုန် လေဆိပ်မှာ Miss International Queen Myanmar 2014 မျိုးကိုကိုစန်းဟာ လူတစ်စုရဲ့ စစ်ဆေးမေးမြန်းစရာရှိလို့ဆိုပြီး ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရပါတယ်။

မျိုးကိုကိုစန်းကို Facebook မှာ နာမည်ကြီးနေတဲ့ Cele Cele Small page ရဲ့ အက်မင်ပါ ဆိုပြီး anti CCS page က စွပ်စွဲထားပြီး သူမဟာ CCS အက်မင်ဆိုတာ သက်သေရှိတယ် ဆိုပြီး chatting screenshot များတင်ခဲ့ပါသေးတယ်။

မျိုးကိုကိုစန်းကတော့ သူမဟာ CCS အက်မင် မဟုတ်တဲ့ အကြောင်း နဲ့ chatting screenshot များဟာ အကောင့်တု ဖြင့် တမင် လုပ်ကြံထားသည်ဟု ဆိုပါတယ်။ မျိုးကိုကိုစန်းဟာ မနေ့ည ၈ နာရီ နှောင်းပိုင်းကတည်းက အထိန်းသိမ်းခံထားရပြီး သူမ အထိန်းသိမ်းခံထားရစဉ် အတောအတွင်းမှာလည်း Cele Cele Small page မှ post သစ်များ တင်လာသည်ကို တွေ့ရပါတယ်။ ဒီအချက်ဟာ စဉ်းစားစရာအချက်တစ်ခုအဖြစ်ရှိနေပြီး ထိန်းသိမ်းခံထားရတဲ့ မျိုးကိုကိုစန်းကတော့ ယခုချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး။ ရန်ကင်းရဲစခန်းမှာ ထိန်းသိမ်းခံထားရပြီး ၃၁ ရက်နေ့အထိ စခန်းမှာထိန်းသိမ်းထားမယ်လို့ သိရပါတယ်………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။