ဒီလိုရာသီမှာ စားသုံးရတဲ့ မင်းကွတ်သီးဟာ ချိုချဉ် အရသာရှိတာကြောင့် လူတော်တော်များများကြိုက်ကြပါ တယ်။မင်းကွတ်သီးဟာ ကျန်းမာရေးအတွက် စားသင့်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။မင်းကွတ်သီးကို စားပေးရင် ဝိတ်ကျစေတယ်ဆိုတာ မှန်ပါတယ်။ကယ်လိုရီပါဝင်မှုနည်းပါးပြီး လူတိုင်းစားသုံးသင့်တဲ့အသီးဖြစ်ပါတယ်။မင်း ကွတ်သီးမှာ ဗီတာမင် စီပါဝင်တဲ့အတွက် ဒီလိုမိုးရာသီနဲ့ဆို စားသင့်တဲ့အသီးပါ။

မင်းကွတ်သီးစားခြင်းကြောင့် အေးမိဖျားနာခြင်း၊ ဆဲလ်အသစ်တွေ ပေါ်ပေါက်လာခြင်း၊ အရိုးများကို ကြံခိုင်စေ ခြင်း၊ ခန္ဓာကိုယ်ရဲ့ သွေးနီဥဆဲလ်တွေကို အထောက်ကူပြုပြီး သွေးအားကောင်းစေပါတယ်။နှလုံးနှင့် ပတ်သက်တဲ့ ဝေဒနာ ၊ အမြင်အာရုံနှင့် ဦးနှောက်ဖွံ့ဖြိုးအောင်စွမ်းဆောင်ပေးပါတယ်။ပြီးတော့ ကင်ဆာဖြစ်ပွား မူကိုလျော့ကျစေပြီး စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။မင်းကွတ်သီးကို ပုံမှန်စားပေးရင် သွေးတွင်းသကြားဓာတ် ကိုထိန်းပေးပြီး ဆီးချိုဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ 

မကောင်းတဲ့ ဘတ်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။ အသားရေခြောက်သွေ့တဲ့သူတွေအတွက် မင်းကွတ်သီးကို စားပေးပါ။ဒါကြောင့် မင်းကွတ်သီးဟာ လူတွေအတွက် အကျိုးပြုတဲ့ အသီတစ်မျိုးဖြစ်လို့ ရာသီပေါ် မင်းကွတ်သီးကို စားပေးဖို့ မမေ့ပါနဲ့နော်။အားလုံးကျန်းမာကြပါစေ။

Source : အာဟာရ နှင့် ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။