အနုပညာလောကရဲ့ နာမည်ကြီးထိပ်တန်း မော်ဒယ်တွေဖြစ်ကြတဲ့ အောန်ဆိုင်းနဲ့ Mဆိုင်းလုတို့ကတော့ ပြည်ပခရီးရောက်ရှိနေကြောင်း သူမတို့ရဲ့ instagram ဓာတ်ပုံတွေအရ သိရပါတယ်။ သူမတို့နှစ်ဦးဟာ အတွဲညီတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး အမြဲလိုလိုပွဲတွေမှာလည်း တွေ့ရတတ်ပါတယ်။ အခုတစ်ခါမှာလည်း New York ကို ခရီးသွားနေကြတာဖြစ်ပြီး သူမတို့နှစ်ဦးရဲ့ ဓာတ်ပုံတွေကတော့ ပရိသတ်တွေကြား လူပြောများလို့နေပါတယ်။ 

New York မြို့တခွင်ကို လှည့်ပတ်သွားထားကြတဲ့ သူတို့ရဲ့ ဓာတ်ပုံလေးတွေကို instagram မှာတင်ထားပြီး မြို့ပြအလှနဲ့ပေါင်းစပ်ထားတဲ့ သူမတို့ရဲ့ ဓာတ်ပုံလေးတွေကတော့ တကယ်ကိုလှပလွန်းပါတယ်။ ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ စောင့်ကြည့်ခြင်းခံရတဲ့ သူမတို့နှစ်ဦးရဲ့ နယူးယောက်ခ် ဖက်ရှင်တွေဟာလည်း တကယ်ကိုလန်းပြီး ပရိသတ်တွေကတော့ သဘောကျလို့နေကြပါတယ်။

သူတို့နှစ်ဦးဟာ လက်ရှိမှာတော့ အောင်မြင်တဲ့ မော်ဒယ်လ်တွေအဖြစ်ရပ်တည်နေကြသူတွေဖြစ်ပြီး သရုပ်ဆောင်လုပ်ဖို့တော့ အစီအစဉ်မရှိသေးဘူးလို့လည်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာ တွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ဖက်ရှင်အမျိုးမျိုးနဲ့ လန်းနေကြတဲ့ နယူးယောက်ခ်မြို့ရောက် မမနှစ်ယောက်ရဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

Photo Source : Awn Seng & M Seng Lu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။