အနုပညာရှင်တွေဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရသူတွေဖြစ်ပြီး သူတို့တွေရဲ့ အချစ်ရေးကိစ္စတွေကတော့ သူတို့ရဲ့ အောင်မြင်မှုအပေါ်လိုက်ပြီး ပရိသတ်ရဲ့ စိတ်ဝင်စားခြင်းကို ခံရတတ်ပါတယ်။ အနုပညာရှင်တွေမှာလည်း အချစ်ရေးကို ပွင့်ပွင့်လင်းလင်း ပရိသတ်တွေကို ပြောပြတတ်သူတွေရှိသလို ကိုယ့်ချစ်သူအနေခက်မှာစိုးလို့ ပရိသတ်တွေကို ဖွင့်ပြမထားတဲ့ သူတွေလည်းရှိပါတယ်။ 

ပရိသတ်တွေ စိတ်ဝင်စားပြီး အားပေးကြရတဲ့ အနုပညာရှင်တွေထဲမှာ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ အကယ်ဒမီထွန်းထွန်း နဲ့ ရခိုင်တိုင်းရင်းသားလေးဖြစ်တဲ့ မင်းသွေးတို့နှစ်ဦးလည်း အပါအဝင်ဖြစ်ပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ ဝန်းရံခြင်းခံရတာနဲ့အညီ သူတို့နှစ်ဦးရဲ့ အချစ်ရေးဟာလည်း မိန်းကလေးပရိသတ်တွေကြား စိတ်ဝင်စားစရာဖြစ်လို့နေပါတယ်။ သူတို့နှစ်ဦးဟာ လက်ရှိမှာချစ်သူရှိကြပေမဲ့ ကိုယ့်ချစ်သူကောင်မလေးကိုတော့ လက်ရှိအချိန်ထိ လျှို့ဝှက်ထားကြတာကိုလည်း တွေ့ရပါတယ်။ 

လက်ရှိမှာတော့ သူတို့နှစ်ဦးဟာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ ထွန်းထွန်းပါဝင်သရုပ်ဆောင်ထားတဲ့ "သားပိုက်ကောင်" ဇာတ်ကားကတော့ လက်ရှိမှာ ရုံတင်ပြသလျက်ရှိပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိနေတာ တွေ့ရပါတယ်။ မင်းသွေးကတော့ သရုပ်ဆောင်အလုပ်သာမက ဂီတပိုင်းမှာလည်း ရူးသွပ်သူတစ်ဦးဖြစ်ပြီး လက်ရှိမှာတော့ သူ့ရဲ့သီချင်းတွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ကဲ ပရိသတ်ကြီးအတွက် ချစ်ရတဲ့ အနုပညာရှင်တို့ရဲ့ မဒီလေးတွေနဲ့ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

Photo Source : Tun Tun & Min Thway

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။