ခေတ်သစ်ပျိုမေရဲ့ အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ပရိသတ်တွေကြားနာမည်ကြီး သဇင်နွယ်ဝင်းတို့ ချစ်သူစုံတွဲကတော့ ပရိသတ်တွေအားကျရတဲ့ ချစ်သူစုံတွဲတွေထဲက တစ်တွဲဖြစ်ပါတယ်။ မအောင်မြင်ကတည်းက ချစ်ခဲ့ကြတဲ့သူတို့စုံတွဲလေးကတော့ ဝါသနာတူသူတွေဖြစ်ကြပြီး presenter တွေအဖြစ် ပရိသတ်က အသိအမှတ်ပြု လက်ခံထားကြသူတွေလည်း ဖြစ်ပါတယ်။

သဇင်နွယ်ဝင်းဟာ သူမရဲ့ စကားပြောပြေပြစ်မှု ချိုသာတဲ့အပြုံးလေးနဲ့ ယဉ်စစပုံစံလေးတွေကြောင့် ပရိသတ်သတိထားမိခဲ့ကြပြီး ယခုအခါမှာတော့ နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ဦးအဖြစ် ရပ်တည်လို့နေတာ တွေ့ရပါတယ်။ နာမည်ကြီးတစ်ဦးဖြစ်တာမို့ ပရိသတ်တွေရဲ့ စောင့်ကြည့်ခြင်းခံရသူတစ်ဦးဖြစ်ပြီး ဝတ်စားဆင်ယင်မှုပိုင်းမှာလည်း ပရိသတ်တွေရဲ့ သဘောကျအားပေးမှုကို ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမတို့နှစ်ဦးရဲ့instagram မှာတော့ ချစ်သူနှစ်ဦးရဲ့ အမှတ်တရပုံလေးတွေကို မကြာခဏတင်ထားတာ တွေ့ရတတ်ပါတယ်။ Relationship သက်တမ်းကြာပြီး တစ်ဦးနဲ့တစ်ဦးနားလည်မှုရှိတဲ့ သူတို့နှစ်ဦးရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကြား စံပြထားစရာလည်းဖြစ်ပါတယ်။ ကဲ ပရိသတ်ကြီးအတွက် တကယ်ကိုလိုက်ဖက်ပြီး အားကျစရာကောင်းတဲ့ ကိုဉာဏ်လင်းနိုင်နဲ့ သဇင်နွယ်ဝင်းတို့ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်နော်.....

Photo Source : 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။