လတ်တလော အကယ်ဒမီမင်းသားကြီး ဦးလွင်မိုးရဲ့ ဇနီး အန်တီမေသူရဲ့ instagram ပေါ်က သမီးလေး ယွန်းဝတီလွင်မိုးရဲ့ ဓာတ်ပုံကတော့ ပရိသတ်တွေကြား မေးခွန်းထုတ်စရာဖြစ်လို့နေပါတယ်။ ဒီဓာတ်ပုံလေးမှာ ပရိသတ်အချစ်တော် ခေးဟာ ဗိုက်အနည်းငယ်ပူနေတာ တွေ့ရပြီး ပရိသတ်တွေကတော့ မကြာခင် မိခင်ဖြစ်တော့မှာလား ဆိုပြီး မေးခွန်းလေးတွေ မေးထားတာ တွေ့မြင်နေရပါတယ်။ 

ဒီဓာတ်ပုံလေးရဲ့ အောက်မှာတော့ ငယ်ရွယ်တဲ့မိန်းမသားတစ်ဦးရဲ့ သတ္တိကိုလေးစားတတ်တဲ့သူတွေရဲ့ ဝိုင်းဝန်းဆုတောင်းပေးထားတာကိုလည်း ဝမ်းသာဖွယ်တွေ့ရပါတယ်။ လက်ရှိမှာတော့ ခေးဟာ သူမရဲ့ခင်ပွန်းနဲ့အတူ သြစတြေးလျမှာ ပညာသင်ယူနေတာဖြစ်ပြီး မိဘတွေကတော့ သူမတို့ဇနီးမောင်နှံဆီကို ပြီးခဲ့တဲ့ဧပြီက သွားရောက်လည်ပတ်ခဲ့ကြပါသေးတယ်။

လက်ရှိမှာတော့ ယွန်းဝတီလွင်မိုးဟာ ပညာရေးဆုံးခန်းတိုင်အောင် သင်ယူနေပြီး အနုပညာအလုပ်တွေ လုပ်ဖြစ်မလားဆိုတာကတော့ အသေအချာပြောလို့ မရသေးဘူးလို့သိရပါတယ် ပရိသတ်ကြီးရေ။ အခုကိုယ်ဝန်ကိစ္စကတော့ သူမတို့ဖက်က အတိအလင်းကြေငြာတာမျိုး မရှိသေးပေမဲ့ တကယ်ဆိုရင်လည်း ခေးရဲ့ ပရိသတ်တွေက အမြဲကြိုဆိုနေမယ်ဆိုတဲ့ ရေးသားချက်လေးတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

Source : May Thu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။