ယနေ့ ဇွန်လ (၁၂) ရက်နေ့ကတော့ အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းစုံတွဲတစ်တွဲဖြစ်တဲ့ ဇာဏ်ခီနဲ့ ခရစ္စတီးနားခီ တို့ ဇနီးမောင်နှံရဲ့ ချစ်သူသက်တမ်း (၁၈) နှစ်ပြည့်လို့ သိရပါတယ် ပရိသတ်ကြီးရေ။ ဇာဏ်ခီကတော့ ဒီနေ့လေးဟာ သူ့ဘဝရဲ့ အမှတ်တရနေ့တစ်နေ့ဖြစ်တာမို့ သူ့ရဲ့ လူမှုစာမျက်နှာကနေတဆင့် ချစ်ဇနီးလေးကို ယခုလိုပြောပြထားတာကို တွေ့ရပါတယ် ပရိသတ်ကြီးရေ။

"လွန်ခဲ့သော ၁၈ နှစ် ဒီနေ့ June 12th မှာ သမီးရည်းစားစဖြစ်ခဲ့ပေမယ့် ၁၈ လ လောက်ပဲရှိသေးသလိုခံစားရပါတယ် my baby ပိစိ..

I love you and will always do.

Thanks for choosing me to be your partner. " ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။ ဒီ post လေးရဲ့အောက်မှာတော့ ပရိသတ်တွေရဲ့ အားကျပြီး ဝန်းရံနေကြတဲ့ comment တွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ 

လတ်တလောမှာတော့ သူတို့နှစ်ဦးဟာ ရုပ်ရှင်ဇာတ်ကားအသစ်အတွက် ပြင်ဆင်နေကြတယ်လို့ သိရပြီး ထွက်ရှိပြီးခဲ့တဲ့ "ဥပါယ်တံမျဉ်" နဲ့ "Mudras Calling" ဇာတ်ကားကြီးတွေကတော့ အံ့မခန်းအောင်မြင်မှုတွေ ရရှိလို့ထားပါတယ်။ ပရိသတ်တွေကတော့ မကြာခင်မှာ သူတို့ရိုက်ကူးမဲ့ ဇာတ်ကားနဲ့ပတ်သတ်လို့ စိတ်ဝင်စားနေကြပြီး ပရိသတ်တွေကို ဘယ်လိုဇာတ်အိမ်ခိုင်ခိုင် ရိုက်ချက်မိုက်မိုက် အိုက်တင်ပီပီတွေနဲ့ ဆွဲဆောင်နိုင်အုန်းမလည်းဆိုတာကိုတော့ စောင့်ကြည့်ကြပါစို့နော်....

Source : Zen Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။