သံတွဲမြို့တွင် ဇွန် ၁၁ နံနက်မှ စတင်၍ သံတွဲချောင်းအတွင်း တောင်ကျရေ များ ကျဆင်းမှုကြောင့် အနိမ့်ပိုင်းဒေသများ ဖြစ်သည့် အမှတ်-၁၊ အမှတ်-၂၊ ၃ ရပ်ကွက်နေရာ အချို့နှင့် အမှတ် ၄ ရပ်ကွက်ရှိ ညောင်ပင်ဈေး ၊ သမုတ်ချောင်း ဒေသများတွင် ယနေ့ ညနေ ၄ နာရီမှ စတင်၍ ရေများ စတင် နစ်မြုပ်လာကြောင်းသိရသည်။

အဆိုပါရေနစ်မြုပ်မှုကြောင့် ချောင်းအနီးရှိအိမ်များ၊ ညောင်ပင်ဈေး၊ သမုတ်ချောင်းဒေသများရှိ နေအိမ်များမှ သက်ကြီးရွယ်အိုများနှင့် ကျွဲ ၊ နွား၊ ဝက် ၊ တိရစ္ဆာန်များအား ရေလွတ်ရာ ဓမ္မာရုံများသို့ စတင်ပြောင်းရွေ့ လျက်ရှိသည်။

မိုးရွာသွန်းမှု အခြေအနေမှာဇွန် ၁၁ နံနက် ၉ နာရီမှ ညနေ ၄ နာရီအချိန်ထိ တိုင်းထွာ ချက်များ အရ ၁.၆၅ လက်မ ရွာသွန်းပြီး သံတွဲချောင်း ရေ အခြေ အနေမှာ ၆၆၈ စင်တီမီတာ ရှိသဖြင့် စိုးရိမ်ရေအမှတ်ထက် ၃၈ လက်မ ပိုမိုမြင့် တက်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန သံတွဲခရိုင်ရုံးမှ သိရှိရသည်။

Source - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။