အဖမ်းခံထားရတဲ့ miss မျိုးကိုကိုစန်း အမှုအခြေအနေ

မျိုးကိုကိုစန်းရဲ့ ပြောကြာချက်အရ (အပိုင်း ၁)

မျိုးကိုကိုစန်းကို ၁၇.၁.၂၀၁၇ MAI လေကြောင်းလိုင်း နဲ့ဘန်ကောက်က အပြန် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှာ အရပ်ဝတ်နဲ့ လူ၄ ဦးက စစ်ဆေးစရာရှိသည် ဟု ဆိုကာ ရန်ကင်းရဲစခန်းကို ဖမ်းဆီးခေါ်ဆောင်ခဲ့ပါတယ်.။ သူမရဲ့ဖုန်းကိုတော့ ကားပေါ်ရောက်ရောက်ချင်းမှာ ပိတ်လိုက်တာဖြစ်ပြီး တညလုံး မည်သူနှင့်မှ ဆက်သွယ်ခွင့်မရပဲ ဖမ်းဆီးခံရပါတယ်။ နံနက်မှာတော့ မိတ်ဆွေအချို့နဲ့ဆက်သွယ်ခွင့်ရပါတယ်။

သူမ အနေနဲ့ CCM ရဲ့ Admin မဟုတ်ပါဘူး၊ သူမရဲ့ဖုန်းကိုလဲ ရန်ကင်းရဲစခန်းမှုးထံ ဖုန်းလော့ ဖွင့်နည်းပါ ဖွင့်ပြီး အပ်နှံပြီးဖြစ်ပါတယ်။

သူမ ရဲ့ အခြေအနေကတော့ မျက်စိ အဝေးမှုန် ပြီး ၊နားမကောင်းပါ။ အမျိုးသားဆောင်မှာ ထားရှိဖို့များပါတယ်။

သူမရဲ့ မိခင်ကတော့ လိုက်လာချင်သော်လည်း အသိမိတ်ဆွေမရှိ၊နေစရာ၊ သွားစရာအခက်အခဲရှိနေပါတယ်။

မျိုးကိုကိုစန်း တရားရုံးချိန်း (အပိုင်း ၂)

မျိုးကိုကိုစန်းကို ယနေ့ မနက် ၁၈ .၁.၂၀၁၇ မှာ ရန်ကင်းမြို့နယ် ရဲစခန်းကနေပြီး၊ ရန်ကင်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ပါတယ်။

မျိုးကိုကိုစန်းကို သရုပ်ဆောင် ဝတ်မှုန်ရွှေရည် (ခ) ကစ်ကစ်က ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ တရားစွဲဆိုပါတယ်။ ရဲစခန်းမှာ အမှုဖွင့်တာကတော့ ဆယ်လီဆယ်လီ စမောရဲ့ Admin ဟာ မျိုးကိုကိုစန်းဖြစ်ပြီး သူမကို ထိုသတင်းစာမျက်နှာမှ မဟုတ်မှန်ရေးသားပြောဆိုတယ်လို့ ကြားသိရပါတယ်။

မျိုးကိုကိုစန်း ရဲ့လျှောက်တင်ချက်ကတော့ သူမဟာ ထို ဖေ့ဘုတ် Admin မဟုတ်ပါ။ သူမကို လေဆိပ်မှာ စစ်မေးစရာရှိလို့ခေါ်သွားပါတယ်။ ပီးတော့ အမျိုးသားဆောင်မှာထားပါတယ်။ ခုလို သက်သေခိုင်ခိုင်လုံလုံမရှိပဲ သူမအား ယခုကဲ့သို့ ဖမ်းဆီးခွင့်ရှိပါသလား လျှောက်တင်ပါတယ်။

တရားသူကြီး(အမျိုးသမီး) ကတော့ ယခု အမှု မှာ 66 D နဲ့ တိုင်ကြားထားတာဖြစ်ပြီးတော့ စစ်ဆေးမှုများ ရှာဖွေဖော်ထုတ်မှုများပြုလုပ်မယ်။ သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးသွားမယ်လို့ ပြောကြားပါတယ်။

ထို့နောက်မှာ တော့ ရန်ကင်း ရဲစခန်းမှာပဲ ယမန် ၂ ပတ် ( ၁၈.၁.၂၀၁၇ မှ ၃၁.၁.၂၀၁၇ ထိ ) ချုပ်နှောင်ရန် ဆုံးဖြတ်ပါတယ်။ မျိုးကိုကိုစန်းအနေနဲ့ စစ်ဆေးတဲ့အခါမှာ မိမိပြောလိုသော စကားများအား တိတိကျကျ ရဲစခန်းတွင်ထွက်ဆိုရန် ပြောဆိုပါတယ်။

အဆုံးသတတ်မှာတော့ မျိုးကိုကိုစန်း ကို တရားသူကြီးအမျိုးသမီးမှ ကျားလား ၊ မလားမေးပါတယ်။

မျိုးကိုကိုစန်းကတော့ ကျားပါလို့ဖြေဆိုခဲ့ပါတယ်။

Credit Shin Thant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။