လူတစ်ယောက်ဟာ အနာကိုမသန့်ရှင်းတဲ့ လက်တွေနဲ့ကိုင်ခဲ့၇င်လည်း မေးခိုင်ပိုးဝင်တတ် ပါတယ်။ နောက်တစ်ခုက အနာဖြစ်ရင် ဆရာဝန်နဲ့ မပြသပဲ မှီရာဆေးတွေနဲ့ ကုသရာမှာလည်း မေးခိုင်ပိုးဝင်သွား တတ်ပါတယ်။ မေးခိုင်ပိုးဝင်ရင် ကြောက်စရာကောင်းပါတယ်။ လွယ်လွယ်လို့မတွေးပါနဲ့ အသက်အန္တရယ် စိုးရိမ်းရပါတယ်။ 

မေးခိုင်ပိုးဝင်ပြီးဆိုရင် လက္ခဏတွေပြတတ်ပါတယ်။ အရင်ဆုံး အဖျားတက်လာမယ်၊ ခန္ဓာကိုယ်တွေ ကိုက်ခဲ လာမယ်၊ ခေါင်းကိုက်မယ်၊ နုံးချီးပြီးတော့ ခြေကုန်လက်ပမ်းတွေကျလာမယ်။ ပြီးတော့ မအီမသာတွေဖြစ် လာမယ်။အသက်ရှုရခက်လာမယ်။ အော့အန်ခြင်း၊ ဝမ်းသွားခြင်း၊ သွေးပေါင်တွေကျခြင်း၊ နှလုံးခုန်နူန်းတွေ မြန်လာခြင်း၊ များခံစားရလာတတ်ကြပါတယ်။ 

ဒါကြောင့် မေးခိုင်ပိုးဝင်ရင် နီစပ်ရာဆေးရုံးကိုအမြန်ဆုံးသွားရောက်ရမှာဖြစ်ပါတယ်။အသက်အန္တရယ်စိုးရိမ်ရ ပါတယ်။ အရမ်းအရေးကြီးပါတယ်။ ပေါ့ပေါ့ မတွေးကြပါနဲ့ ။ အထက်မှာဖော်ပြခဲ့တဲ့ လက္ခဏတွေဖြစ်လာ ရင် အနီးဆုံးဆေးခန်းကိုအရင်သွားပြီး ပြသပေးပါ။ အားလုံးကျန်းမာရွင်လန်းကြပါစေ။

Source : youtube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။