LGBT အလှမယ် တစ်ယောက်ရဲ့ ထောင်တွင်းအခြေအနေနှင့် ရပိုင်ခွင့်များ

အမှုက တရားခံဟုတ်မဟုတ် သေချာမသိရသေးပင်မဲ့လည်း LGBT အလှမယ်တစ်ယောက်အတွက် အချုပ်ခန်းအတွင်း အခြေအနေက ခက်ခဲမှာ အမှန်ပါဘဲ။ မိန်းမတစ်ယောက်အဖြစ်

ခံယူထားပင်မဲ့ ခန္ဓာဗေဒအရ အမျိုးသားဖြစ်နေတဲ့အတွက် သူရင်ဆိုင်ရမဲ့ အခက််အခဲတွေက အများကြီးပါဘဲ။

မျိုးကိုကိုစန်း အတွက် ကူညီပေးမှု (အပိုင်း ၃)

မျိုးကိုကို တရားခွင်ကထွက်လာခဲ့အခါမှာ ရဲတပ်သားတွေကို တောင်းဆိုဖြစ်ပါတယ်။ မျိုးကိုကိုစန်းဟာ ခန္ဓာဗေဒအရ အမျိုးသားဖြစ်သော်လည်း သူမဟာ ရင်သားတွေရှိတယ်။ အမျိုးသမီးပုံစံပေါက်တယ် ဆံပင်လဲရှည်တယ် သူရဲ့မွေးရာပါ ခံယူစိတ်ဟာလဲ အမျိုးသမီးဖြစ်ပါတယ် ။ ဒ့ါကြောင့်မို့အမျိုးသားအချုပ်သားအခန်းမှာထားမှာသိသော်လည်း သူမကို သေချာစောင့်ရှောက်ဖို့ ပြောခဲ့ပါတယ်.။

ရဲတပ်သားတွေကတော့ အမျိုးသမီးအခန်းမှာ ထားရှိပေးမည်ဖြစ်ပြီး၊ အမျိုသမီးအ ချုပ်သားတစ်ဦးရောက်လာတာနဲ့ အမျိုးသားအခန်းကိုပြောင်းပေးရမှာဖြစ်ပါတယ်။

ကျမအနေဲ့ဆက်လက်ပြီး အမျိုးသားအခန်းမှာထားခဲ့ရင်တောင်မှ သေချာစောက်ရှောက်ပေးဖို့ ထပ်ပြောပါတယ်။

မျိုးကိုကိုစန်းကိုလဲ သမီးကို လိင်မှုဆိုင်ရာအကြမ်းဖက်မှု။ နှိပ်စက်ညှင်းပန်းမှုတွေလုပ်လာတဲ့အခါကြရင် တာဝန်ကျရဲကိုချက်ခြင်းပြောဖို့ ရှေ့နေတွေကိုပြောဖို့ မှာကြားခဲ့ပါတယ်။

အခု သူမအတွက် လိုက်ပါဆောင်ရွက်ပေးမဲ့ ရှေ့နေတွေလဲ ရှိနေပါပြီး ။

သူမရဲ့မိဘတွေကိုလည်းအကြောင်းကြားထားပြီးဖြစ်ပါတယ်။

မီဒီယာများမှလည်းစိတ်ဝင်တစားရှိပါတယ်။

မျိုးကိုကိုစန်း သမီး ဆယ်လီနဲ့ ပက်သက်နေသလားမေးတော့ သူမသိပါဘူး။ သူမဟုတ်ပါဘူး။ ရဲစခန်ကိုလဲ ဖုန်းပေးထားပြီးဖြစ်ပါတယ်ပြောပါတယ်။

သူမအတွက် အသုံးအဆောင် နဲ့ စားစရာမျာကို သူမကိုချစ်တဲ့ မမြင်ဘူးတဲ့ မိတ်ဆွေတွေက လာရောက်ကူညီပေးနေကြပါတယ်။

မျိုးကိုကိုစန်းအပေါ် သုံးသပ်ချက် အပိုင်း (၄)

သူမက သူမဟုတ်ပါဘူးလို့ ငြင်းပါတယ်။ ဖုန်းလဲပေးထားပြီးပါပြီ။ သူမအနေနဲ့ သက်သေမခိုင်လုံပဲ အခုလို ဖမ်းတဲ့အတွက် ခံပြင်းနေပါတယ်။

ဆယ်လီဆယ်လီ စမော Page ဟာ အခုချိန်ထိ အသက်ဝင်နေဆဲဖြစ်ပါတယ်။ ပိုစ့်တွေဟာ စက္ကန့်မပြတ်၊ မိနစ်မပြတ် တက်နေတုန်းပါ။

ဒါ့ကြောင့်မို့ Admin တွေဟာ ရှိနေဆဲ ဆိုတာသေချာပါတယ်။

မျိုးကိုကိုစန်း နဲ့ပက်သက်ပြီး ဘာဆက်လုပ်သွားမလဲမေးကြပါတယ်။

ကျမအနေနဲ့ကတော့ တရားဥပဒေ စိုးမိုးရေးကိုပဲ ဦးစားပေးသွားမှာ။

LGBT ဖြစ်နေတဲ့အတွက် ကျမတို့အနေနဲ့ သူမဟာ တကယ်ကြူးလွန်ခဲ့ရင် သူမရဲ့ ပြစ်မှုကိုခံစားရမှာဖြစ်ပြီး တရားခွင်မှာတော့ သူမရဲ့ တရားခွင့်မှာရပိုင်ခွင့်တွေ ရရှိအောင် ဆောင်ရွက်သွားဖို့အသင့်ပါ။

သူမ ဟာကြူးလွန်သူမဟုတ်ရင်တော့ သူမကွင်းလုံးကျွတ်လွတ်မြောက်ရန် အတွက် မိတ်ဆွေတစ်ယောက်အနေနဲ့ ဆက်လက်ကူညီသွားမှာဖြစ်ပါတယ်။

နောက်တစ်ချက်က တစ်ကယ်ဆိုရင် သူမကို ဘာလို့ လေဆိပ်မှာအလျင်စလို ဖမ်းဆီရသလဲ၊

သူရဲ့မွေးရပ်ဇာတိဟာ မန္တလေးဖြစ်တယ်။ ငွေကြေးမချမ်းသာဘူး။ LGBT တစ်ဦးဖြစ်နေတယ်။

ဆယ်လီ Page ကလည်း ခုထိအသက်ဝင်နေတုန်းပဲဖြစ်တယ်။

ဘာကြောင့် မျိိုးကိုကိုစန်းကိုမှ သူပါလို့ တိုင်ကြားရတာပါလဲ။

သေချာတာကတော့ ယမန် ၂ ပတ်ပြည့်လို့ ရုံးတင်ပြီး ထောင်ကြီးချုပ်ပို့တဲ့အခါမှာ သူမကို ဆံပင်မညှပ်ဖို့ ၊ အမျိုးသားဆောင်မှာမထားဖို့ နဲ့ လုံခြုံစိတ်ချရမှု ဘယ်လောက်ပေးနိုင်မလဲဆိုတာ ဘယ်သူမှမစွမ်းသာတဲ့ ကိစ္စပါ။

မိန်းမလျာဘဝရဲ့အသက်ဟာ ဆံပင်ပါ။

၆၆ ဃ ရဲ့ ပြစ်မှုဟာ အများဆုံး ထောင် ၆ လတိတိပါ။

Credit - Shin Thant

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။