ကမ္ဘာကျော်ဘောလုံးသမား ဖာဒီနန်ကတော့ အင်္ဂလန် ပရီးမီးယားလိဂ် ကလပ်အသင်းတသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းကြီး ရဲ့နောက်တန်းကစားစမားတစ်ဦးအဖြစ်နဲ့ ပရိသတ်တွေ အား ပေးခဲ့ကြရတာပဲ ဖြစ်ပါတယ်။လက်ရှိမှာတော့ ဖာဒီနန်ဟာ ဘောလုံးလောကကနေ အနားယူသွားခဲ့ပြီဖြစ်ပြီး ချစ်ရတဲ့သူနဲ့ ဘဝကိုအေးချမ်းစွာဖြတ်သန်းနေပါတယ်။ဖာဒီနန်ဟာ လက်ရှိမှာတော့ ရုပ်သံအစီအစဉ် တင်ဆ က်သူ အသက် ၃၆ နှစ်အရွယ် ကိတ်ရိုက်တ်နဲ့ တွဲနေခဲ့တာဖြစ်ကြောင်း သတင်းမီဒီယာတွေက ဖော်ပြထားပါ တယ်။ 

လက်တလောလူမှုကွန်ယက်မှာလည်း ဖာဒီနန်နဲ့ သူရဲ့ချစ်သူတို့ ကမ်းခြေတစ်ခုမှာ အပန်းဖြေနေတဲ့ ပုံရိပ်လေး တွေထွက်ပေါ်လာခဲ့ပြီး ပရိသတ်တွေအားကျနေရပြန်ပါတယ်။သူတို့နှစ်ဦးကတော့ ဂရိနိုင်ငံ၊ ကျွန်းတကျွန်း မှာ သွားရောက်အပန်းဖြေခဲ့ကြတာဖြစ်ပြီး ဓာတ်ပုံလေးတွေထဲမှာတော့ ရေကူးဝတ်စုံလေးတွေကိုယ်စီနဲ့ စိတ်လွတ် ကိုယ်လွတ်အပန်းဖြေနေကြတာပဲ ဖြစ်ပါတယ်။သူတို့နှစ်ဦးကိုတော့ မီကနို့စ်ကျွန်းက ဟိုတယ် လေသာဆော င်မှာ ခပ်မိုက်မိုက် ရေကူးဝတ်စုံလေးတွေနဲ့ အပန်းဖြေနေကြတာကို မြင်တွေ့ရပါတယ်။ 

အသက်(၃၆)နှစ်သာရှိသေးတဲ့ ဖာဒီနန်ရဲ့ ချစ်သူကိတ်ကတော့ ဆယ်ကျော်သက်မလေးတွေလို တောင့်တင်း တဲ့ခန္ဒာကိုယ်ဘောင်ဒီကောက်ကြောင်းတွေနဲ့ လှနေဆဲဖြစ်တာကြောင့် ပုရိသတို့တောင်အားကျနေရပါတယ်။ သူတို့နှစ်ဦးရဲ့ ကမ်းခြေမှာအပန်းဖြေနေတဲ့ ပုံရိပ်လေးတွေထဲမှာလည်း ကိတ်ဟာသူမရဲ့ အတွင်းကျကျ ရင်သား အလှတွေကိုပေါ်လွင်စေတဲ့ လိမ္မော်ရောင် ဘီကီနီဝတ်စုံလေးကိုဝတ်ဆင်ထားပြီး ဖာဒီနန်ကတော့ လိမ္မော်ရောင် ဆင်တူဘောင်းဘီလေးကို ဝတ်ဆင်ထားတာမြင်တွေ့ရပါတယ်။ကြည်နူးစရာကောင်းတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ် လေးတွေကိုလည်း ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။ 

သတင်းအရင်းအမြစ် - DBV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။